Home
မြန်မာသတင်း
မင်းကွန်းတွင် ပစ်ခတ်မှုဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် ပြည်သူ ၁ ဦးသေဆုံး၊ ၂  ဦးဒဏ်ရာရ
DVB
·
October 17, 2024

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ် မယ်တော်ကြီးဘုရားအရှေ့က ထမင်းဆိုင်မှာ အောက်တိုဘာ ၁၆ ရက် မနက် ၁၁ နာရီလောက်က အရပ်ဝတ်နဲ့ထိုင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ထမင်းဆိုင်ပိုင်ရှင် သားအဖ ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးနောက် ဆိုင်ရှင်ရဲ့ သမီးဖြစ်သူ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Wetlet information network တာဝန်ခံ ကိုနဂါးလေးက “မင်းကွန်းရွာထဲက ထမင်းဆိုင်မှာ အရပ်ဝတ်နဲ့ ထမင်းစားနေတဲ့ကောင်တွေကို ဝင်ပစ်တာ ရဲ ၃ ယောက် သေတယ်၊ သေနတ် ၂ လက်ရတယ်လို့လည်း ကြားတယ်ဗျ။ နှစ်ဦးနှစ်ဖက် ပစ်ကြတော့ ဆိုင်ရှင်သားအဖ ၃ ယောက် ထိသွားတယ်၊ သူ့သမီးကတော့ ဆုံးသွားပြီ ကြားတယ်ဗျ” လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီနဲ့ ရဲတပ်သားတွေက အခင်းဖြစ်တဲ့ ထမင်းဆိုင်နဲ့ မင်းကွန်းရွာထဲက လူမနေတဲ့ နေအိမ်တွေကို မီးရှို့သွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကမှ ထုတ်ပြန်လာတာ မရှိသေးသလို စစ်ကောင်စီတပ်ဘက်ကတော့ မင်းကွန်း-စစ်ကိုင်းလမ်းမှာ လုံခြုံရေး တင်းကျပ်ချထားပြီး စစ်ဆေးနေ ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013