
အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ ဖောရေဗားမြို့က သက်ကြီးစောင့်ရှောက်ရေး စင်တာမှာ ဇူလိုင် ၁၃ ရက်က မီးလောင်လို့ လူအများအပြား သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ပြည်နယ်မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၁၄ ရက်မှာ ပြောပါတယ်။
လူနာတချို့ရဲ့ အခြေအနေတွေအပေါ် မူတည်ပြီး အရေအတွက်အတိအကျကို ကျနော်တို့ ဆိုင်းငံ့ထားပါတယ်လို့ မက်ဆာချူးဆက်ပြည်နယ် မီးသတ်ဌာနပြောရေးဆိုခွင့်ရှိသူ ဂျိတ်ခ်ဝါ့ခ်က အီးမေးလ်ထုတ်ပြန်ချက်မှာ ပြောပါတယ်။
မီးမလောင်မီ လူ အယောက် ၇၀ လောက် အဲဒီစင်တာမှာ နေခဲ့ပြီး ဂေဘရီရယ်အိမ်တော် သက်ကြီး စောင့်ရှောက်ရေးဂေဟာမှာ မီးသတ်သမား အယောက် ၅၀ လောက်က မီးငြှိမ်းသတ်နေခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
မီးသတ်သမားတွေက လူအများအပြားကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့ လူတော်တော် များများက အခင်းဖြစ်ပွားရာနေရာမှာ သေဆုံးသွားခဲ့ပြီး တခြားလူအများအပြားကို ဆေးရုံပို့ခဲ့ရတယ်လို့ မီးသတ်ဌာနက ပြောပေမဲ့ အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
Source: Reuters