Home
အားကစား
ကမ္ဘာ့ဖလားပြိုင်ပွဲက တကမ္ဘာလုံးကို စည်းလုံးညီညွတ်စေလိမ့်မည်ဟု သမ္မတထရမ့်ပ် ပြော
DVB
·
July 15, 2025
Photo: Reuters

လာမယ့်  ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲက တကမ္ဘာလုံးကို စည်းလုံးညီညွတ်စေလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောသွားပါတယ်။

ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ချန်ပီယံဆုတံဆိပ်တွေကို ပေးအပ်ချီးမြှင့်ခဲ့တဲ့ သမ္မတထရမ့်ပ်ဟာ အမေရိကန်နိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားနဲ့ ပတ်သက်လို့ မှတ်ချက်ပေး ပြောသွားခဲ့တာပါ။

ဘောလုံးက လူစိတ်ဝင်စားမှုအများဆုံး အားကစားဖြစ်တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ တကမ္ဘာလုံးက နိုင်ငံတွေအချင်းချင်း ချစ်ကြည်ရင်းနှီးပြီး အတူတကွ စည်းလုံးညီညွတ်မယ့် ပြိုင်ပွဲဖြစ်တယ်လို့ သမ္မတထရမ့်ပ်က ပြောပါတယ်။

ဘောလုံးကို တကမ္ဘာလုံးက ခေါ်တဲ့အတိုင်း အမေရိကန်မှာလည်း Soccer လို့ မခေါ်ဘဲ Football လို့သာ ပြောင်းလဲခေါ်ဆိုသင့်ကြောင်းလည်း သမ္မတထရမ့်ပ်က မှတ်ချက်ပေးသွားပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို  လာမယ့်နှစ် ဇွန် ၁၂ ရက်က စတင်ပြီး အမေရိကန် အပါအဝင် ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတွေက ပူးတွဲ လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013