Home
နိုင်ငံတကာ
ယူကရိန်းကို ပက်ထရီးရော့ဒုံးကျည်များ ပေးမည်ဟု ထရမ့်ပ်ပြော
DVB
·
July 14, 2025
Photo: REUTERS / DIVIDS / UKRAINIAN PRESIDENTIAL PRESS SERVICE / UKRAINIAN PRESIDENT OFFICE

ပက်ထရီးရော့ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ ယူကရိန်းကို ပေးပို့သွားမှာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောကြားလိုက်ပါတယ်။

“ပူတင်က စကားချိုချိုပြောနေပေမဲ့ ညနေရောက်တိုင်း လူတိုင်းကို ဗုံးကြဲနေတဲ့အတွက် ယူကရိန်းကို ကာကွယ်ဖို့ ဒီဒုံးကျည်တွေ လိုအပ်တယ်” လို့ ထရမ့်ပ်က ပြောပါတယ်။

“အရမ်းအဆင့်မြင့်တဲ့ စစ်လက်နက်ပစ္စည်းအမျိုးမျိုး သူတို့ဆီပို့ပေးမှာပါ။ ဒီအတွက် ကျုပ်တို့လိုချင်တဲ့ ပုံစံအတိုင်း သူတို့က ၁၀၀ ရာခိုင်နှုန်း ပေးချေရမှာပါ” လို့လည်း ထရမ့်ပ်က ဒီလက်နက်တွေကို အလကားပေးတာမဟုတ်ကြောင်း အတည်ပြုပါတယ်။

အရေအတွက် အတိအကျကို ထရမ့်ပ်က မပြောခဲ့ပေမဲ့  ကုန်ကျမယ့်စရိတ်အတွက် ဥရောပသမဂ္ဂက အမေရိကန်ကို ပြန်ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။

ယူကရိန်း-ရုရှားစစ်ပွဲ အပစ်ရပ်ရေး ထရမ့်ပ်ရဲ့ အားထုတ်မှုတွေမှာ ပူတင်က တင်းခံနေခဲ့တာ ဖြစ်ပါတယ်။

ရုရှားရဲ့ ဒုံးကျည်နဲ့ ဒရုန်းတိုက်ခိုက်မှုတွေ နေ့စဉ်ကြုံနေရတဲ့အတွက် လေကြောင်းရန်ကာကွယ်ရေး လက်နက်တွေ ထရမ့်ပ်ဆီကနေ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက တောင်းခံထားတာ ဖြစ်ပါတယ်။

ထရမ့်ပ်ဟာ ယူကရိန်းအရေးနဲ့ တခြားကိစ္စတွေ ဆွေးနွေးဖို့ NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေနဲ့ ဒီတပတ်တည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013