Home
နိုင်ငံတကာ
အင်္ဂါဂြိုဟ်ပေါ်က ဓာတ်ငွေ့ အသုံးချနိုင်ရေး တရုတ်ပညာရှင်များ စူးစမ်းလေ့လာ 
DVB
·
June 9, 2025
Photo: Reuters

အင်္ဂါဂြိုဟ်ပေါ်က ဓာတ်ငွေ့တွေကို ထိထိရောက်ရောက် ထုတ်လုပ်အသုံးချရေးဟာ မျိုးဆက်သစ် နက်ရှိုင်းတဲ့ အာကာသစွမ်းအင်စနစ်တွေ တည်ဆောက်ရေးမှာ အရေးပါတဲ့ အောင်မြင်မှုတရပ် ဖြစ်လာတယ်လို့ တရုတ်ပညာရှင်တွေက ပြောပါတယ်။

စွမ်းအင်ကို ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ အပူပေးခြင်း၊ အောက်ဆီဂျင် ထုတ်လုပ်ခြင်းနဲ့ လောင်စာထုတ်လုပ်ခြင်း အပါအဝင် စွမ်းအင်နဲ့ အရင်းအမြစ်တွေကို အသုံးချဖို့ အင်္ဂါဂြိုဟ်ပေါ်က ဓာတ်ငွေ့တွေကို အနာဂတ်မှာ အသုံးချခြင်းဟာ အင်္ဂါဂြိုဟ်ရဲ့ လေထုပတ်ဝန်းကျင်ကို သုံးတဲ့ ပေါင်းစပ်စွမ်းအင်စနစ်တခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာနိုင်တယ်လို့လည်း သူတို့က ထောက်ပြထားပါတယ်။

ဥပမာအားဖြင့်၊ အင်္ဂါဂြိုဟ် မျက်နှာပြင်ပေါ်က ပျမ်းမျှအပူချိန်ဟာ ခန့်မှန်းခြေ ရေခဲမှတ်အောက် အနုတ် ၆၃ ဒီဂရီစင်တီဂရိတ် ဖြစ်ပါတယ်။ ဓာတ်အားထုတ်လုပ်ရေးစနစ်ရဲ့ အပူချိန် အပိုင်းအခြားတွေကနေ ထွက်လာတဲ့ စွန့်ပစ်အပူတွေဟာ အင်္ဂါဂြိုဟ်ပေါ်က သုတေသနစခန်းတွေမှာ အပူစွမ်းအင်ပေးဖို့ ဖြေရှင်းပေးနိုင်ပါတယ်။ 

မီသိန်းထုတ်လုပ်မှုအတွက် ဓာတ်ငွေ့တွေနဲ့ အောက်ဆီဂျင်ထုတ်လုပ်မှုအတွက် အပူချိန်မြင့် လျှပ်စစ်ဓာတ်တွေအဖြစ် အသီးသီး ဆောင်ရွက်နိုင်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ အင်္ဂါဂြိုဟ်က ဓာတ်ငွေ့တွေထဲမှာ ပေါပေါများများ ရှိနေတဲ့ ကာဗွန်နဲ့ အောက်ဆီဂျင်အက်တမ်တွေကို စူးစမ်းရှာဖွေရေး လုပ်ငန်းစဉ်တွေအတွက် မရှိမဖြစ်လိုတဲ့ အဖိုးတန်အရင်းအမြစ်တွေအဖြစ် ပြောင်းလဲပေးပါတယ်။

တရုတ်သိပ္ပံတက္ကသိုလ်က သုတေသနပညာရှင် ရှိလင်က “အင်္ဂါဂြိုဟ်ပေါ်မှာ သုတေသနလုပ်ဖို့ ထောက်လှမ်းကိရိယာတွေ အများကြီးနဲ့ သုတေသနစခန်းတွေ တည်ထောင်ဖို့ လိုပါတယ်။ ဒီသုတေသနစခန်းတွေနဲ့ ထောက်လှမ်းရေး ကိရိယာတွေက စွမ်းအင်ကို အခြေခံအာမခံချက်တစ်ခုအနေနဲ့ အားကိုးပါတယ်။ ဒီသုတေသနက အစပြုတဲ့ အချက်ပါ။ သွားရမယ့်လမ်းက အရှည်ကြီးရှိသေးတယ်”လို့ ပြောပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013