လူလိုက်ပါမှုမရှိတဲ့ Starships အာကာသယာဉ်တွေကို လာမယ့် ၂ နှစ်အတွင်း ကမ္ဘာနဲ့ အင်္ဂါဂြိုဟ်ပတ်လမ်းပြောင်းကာလ ပွင့်ချိန်မှာ အင်္ဂါဂြိုဟ်ကို လွှတ်တင်သွားမှာဖြစ်တယ်လို့ SpaceX ကုမ္ပဏီ စီအီးအို အီလွန်မက်စ်က ပြောပါတယ်။
အင်္ဂါဂြိုဟ်ပေါ်မှာ မထိမခိုက် ဆင်းသက်နိုင်စွမ်းကို စမ်းသပ်မှာဖြစ်တဲ့အတွက် လူလိုက်ပါဦးမှာ မဟုတ်ဘူးလို့ သူပိုင် လူမှုကွန်ရက် X မှာ ရေးသားထားပါတယ်။
ဆင်းသက်မှုသာ အဆင်ပြေရင် လေးနှစ်အတွင်း ပထမဆုံးအင်္ဂါဂြိုဟ် လူလိုက်ပါခရီးစဉ် လွှတ်တင်နိုင်မယ်လို့ ဆိုပါတယ်။
အဲဒီကစလို့ ခရီးစဉ်အကြိမ်ရေ တိုးသွားမှာဖြစ်ပြီး အနှစ် ၂၀ လောက်အတွင်း အင်္ဂါဂြိုဟ်မှာ ကိုယ့်ဘာသာ လည်ပတ်နိုင်တဲ့ မြို့တမြို့ ဆောက်ဖို့ ရည်ရွယ်တယ်လို့လည်း မက်စ်က ပြောပါတယ်။
အီလွန်မက်စ်ဟာ ဒီဆယ်စုနှစ်ကုန်မှာ လပေါ်ကို လူနဲ့ ကုန်စည်ပို့နိုင်ပြီး နောက်ဆုံးမှာ အင်္ဂါဂြိုဟ်အထိ သွားနိုင်ဖို့ ဘက်စုံသုံး မျိုးဆက်သစ်အာကာသယာဉ်အဖြစ် Starship ကို ဖန်တီးစမ်းသပ်နေတာ ဖြစ်ပါတယ်။
Source-Reuters