Home
နိုင်ငံတကာ
အင်ဒိုနီးရှား၌ Starlink အင်တာနက်ဝန်ဆောင်မှု စတင်ရန် ဘာလီကျွန်းကို အီလွန်မက်စ် လာရောက်
DVB
·
May 19, 2024
ElonMusk Indonisia_19052024

အင်ဒိုနီးရှားမှာ လက်လီသုံးစွဲသူတွေအတွက် SpaceX ကုမ္ပဏီရဲ့ Starlink ဝန်ဆောင်မှုကို တရားဝင်စတင်ဖို့အတွက် ဘာလီကျွန်းကို မေ ၁၉ ရက်မှာ  ဘီလီယံနာသူဌေးကြီး အီလွန်မက်စ် ရောက်ရှိလာခဲ့ပါတယ်။

ကိုယ်ပိုင်လေယာဉ်နဲ့ရောက်လာတဲ့ မက်စ်ကို ရင်းနှီးမြှုပ်နှံမှုဝန်ကြီးကိုယ်တိုင် လာကြိုခဲ့ပါတယ်။ အီလွန်မတ်စ်ဟာ အင်ဒိုနီးရှားနိုင်ငံခရီးစဉ်မှာ Starlink  ဝန်ဆောင်မှုစတင်တဲ့အခမ်းအနားအပြင် ရာထူးကအနားယူတော့မယ့် အင်ဒိုသမ္မ ဂျိုကိုဝီဒိုဒိုနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။

ကျန်းမာရေးကဏ္ဍ အင်တာနက်ဝန်ဆောင်မှုအတွက် အင်ဒိုနီးရှားအစိုးရနဲ့စာချုပ်ချုပ်ဖို့နဲ့ ကမ္ဘာ့ရေအရင်းမြစ်ဖိုရမ်ကိုပါ တက်ရောက်ဖို့ ဘာလီကို လာခဲ့တာဖြစ်ပါတယ်။

လူဦးရေ သန်း ၂၇၀ ရှိပြီး အချိန်ဇုန်သုံးခုတောင်ရှိတဲ့ အရှေ့တောင်အာရှရဲ့ အကြီးဆုံးနိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ဒေသတွေမှာ မြို့ပြလို အင်တာနက်မြန်နှုန်းပေးနိုင်ဖို့ရည်ရွယ်တာဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးက ဆိုပါတယ်။

အင်ဒိုနီးရှားဟာ မလေးရှားနဲ့ ဖိလစ်ပိုင်ပြီးရင် Starlink ဝန်ဆောင်မှု တရားဝင်လိုင်စင်ချထားပေးတဲ့တတိယမြောက် အရှေ့တောင်အာရှနိုင်ငံဖြစ်လာပါတယ်။

SpaceX ရဲ့ Starlink ဟာ ကမ္ဘာကိုပတ်နေတဲ့ ဂြိုဟ်တု ၇,၅၀၀ မှာ ၆၀ ရာခိုင်နှုန်းလောက်ကို ပိုင်ဆိုင်ထားတဲ့အတွက် ဂြိုဟ်တုအင်တာနက်ဝန်ဆောင်မှုလုပ်ငန်းကို လွှမ်းမိုးထားပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013