Home
နိုင်ငံတကာ
အာဖဂန်နစ္စတန် ရေကြီးရေလျှံမှုကြောင့် လူ ၅၀ သေဆုံး၊ အိမ်များ ပျက်စီးဆုံးရှုံး
DVB
·
May 19, 2024
AfaganistanWaterFlood_1905202

အာဖဂန်နစ္စတန်အလယ်ပိုင်းမှာ လောလောလတ်လတ် ရွာသွန်းလိုက်တဲ့ မိုးနဲ့ ရေကြီးရေလျှံမှုတွေကြောင့် အနည်းဆုံး လူ ၅၀ ထက်မနည်း သေဆုံးခဲ့ပြီး အိမ်ခြေထောင်ပေါင်းများစွာလည်း ပျက်စီးခဲ့ကြောင်း အရာရှိတဦးက မေလ ၁၈ ရက် မှာ ပြောပါတယ်။

မေလ ၁၇ ရက်ကစတင်ခဲ့တဲ့ မိုးရွာသွန်းမှုကြောင့် လူဘယ်လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုတဲ့ သတင်းလည်း မသိရသေးကြောင်းနဲ့ ဒေသကိုသွားရောက်ရာ အဓိကလမ်းမကြီး အများအပြား ပြတ်တောက်ခဲ့ကြောင်း အလယ်ပိုင်း ဂေါရ်ပြည်နယ် ပြန်ကြားရေးဌာန အကြီးအကဲ မော်လဝီ အဗ္ဗဒူလ် ဟိုင်ဇာအီးမ်က ပြောပါတယ်။

ပြည်နယ်မြို့တော် ဖဲရော့ဇ်ကိုမှာ အိမ်ခြေ ၂၀၀၀ က လုံးဝကိုပျက်စီးခဲ့ပြီး တစိတ်တပိုင်း ပျက်စီးသွားတဲ့ နေအိမ်က ၄၀၀၀၀ လောက်ရှိကြောင်းနဲ့ ဆိုင်ခန်းပေါင်း ၂၀၀၀ ကျော်က ရေအောက်မှာ ရောက်နေကြောင်း ဇာအီးမ်က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကလည်း ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အာဖဂန်နစ္စတန် မြောက်ပိုင်းရှိ ကျေးရွာတွေ ပျက်စီးခဲ့ပြီး လူ ၃၁၅ ဦး သေဆုံးကာ ၁၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ 

Source/Photo - REUTERS/Stringer

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013