ဖိလစ်ပိုင်နိုင်ငံဟာ ကိုယ်ပိုင်တဲ့အရာကို အားသွန်ခွန်စိုက်ကာကွယ်သွားမှာဖြစ်တယ်လို့ သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက တရုတ်နိုင်ငံလို့ တိုက်ရိုက်မရည်ညွှန်းဘဲ မတ် ၁၈ ရက်က ပြောကြားခဲ့ပါတယ်။
စည်းမျဉ်းလိုက်နာတဲ့ နိုင်ငံတကာအသိုက်အဝန်းဝင် တယောက်အနေနဲ့ ဥပဒေနဲ့အညီ တာဝန်ယူမှုရှိစွာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဗိုလ်သင်တန်းဆင်းပွဲမှာ မားကို့စ်ဂျူနီယာက ပြောသွားပါတယ်။
တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နဲ့ ဖိလစ်ပိုင်ထိပ်တိုက်တွေ့မှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ဖိလစ်ပိုင်ရေယာဉ်တွေကို တရုတ်က ရေအမြောက်နဲ့ ထိုးတာ၊ စစ်ဘက်သုံးလေဆာနဲ့ထိုးတာတွေ ကြောင့် ဖိလစ်ပိုင်ဘက်မှာ ထိခိုက်မှုတွေရှိခဲ့ပါတယ်။
နှစ်စဉ် ကုန်သွယ်မှု ဒေါ်လာ ၃ ထရီလီယံလောက် ဖြတ်သန်းနေတဲ့ တောင်တရုတ်ပင်လယ်တစ်ခွင်လုံးကို သမိုင်းအစဉ်အလာအရ ပိုင်ဆိုင်တယ်လို့ တရုတ်က ကြေညာထားပါတယ်။
ဒီရပ်တည်ချက်ကြောင့် အိမ်နီးချင်းအများစုနဲ့ အငြင်းပွားနေပေမဲ့ ဖိလစ်ပိုင်နဲ့ ဆက်ဆံရေးက အဆိုးဆုံးဖြစ်နေပါတယ်။
၂၀၁၆ တုန်းက အနုညာတစီရင်ဆုံးဖြတ်မှုဆိုင်ရာ အမြဲတမ်းခုံရုံးကတော့ တရုတ်မှာ ဒီလိုပိုင်ဆိုင်ဖို့ ဥပဒေအခြေခံမရှိဘူးလို့ ဆုံးဖြတ်ခဲ့ပေမဲ့ ဒီဆုံးဖြတ်ချက်ကို တရုတ်က အသိအမှတ်မပြုခဲ့ပါဘူး။
Source/Photo - Reuters