Home
အားကစား
ယူကရိန်းလက်ဝှေ့ကျော် အူဆစ်က ဖျူရီကို အနိုင်ရပြီး ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာ
DVB
·
May 19, 2024

ဆော်ဒီအာရေဗျနိုင်ငံ၊ ကင်းဒမ်းအရီနာ ကွင်းကြီးထဲမှာ မေ ၁၉ ရက် မနက်ပိုင်းက၊  ထိုးသတ်ခဲ့တဲ့ လက်ဝှေ့ပွဲမှာ ယူကရိန်းလက်ဝှေ့ကျော် အိုလက်ဇန္ဒာအူဆစ်က ပြိုင်ဘက် တိုင်ဆင်ဖျူရီကို အနိုင်ရပြီး အငြင်းပွားဖွယ်မရှိ တဦးတည်းသော ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာပါတယ်။

ဒိုင် ၃ ဦးမှာ  အူဆစ်ကို  ၂ ဦးက အနိုင်ပေးပြီး ကျန် ၁ ဦးက ဖျူရီကို အနိုင်ပေးခဲ့တာဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် အူဆစ်ဟာ အဓိက ဟဲဗီးဝိတ်ရွှေခါးပတ်လေးခုစလုံး တချိန်တည်းမှာ စွဲကိုင်ထားနိုင်တဲ့ ပထမဆုံးလက်ဝှေ့သမား ဖြစ်လာပါတယ်။

လင်းနော့လူးဝစ်က သူ့ရဲ့ အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်ချန်ပီယံ အဖြစ်ကို ၂၀၀၀ ပြည့်နှစ် ဧပြီ မှာ စွန့်လွှတ်ခဲ့ရပြီးတဲနောက်ပိုင်း ပထမဆုံးအကြိမ် ဒီလို ချန်ပီယံပြ န်လည်ပေါ်ပေါက်တာ ဖြစ်ပါတယ်။

အူဆစ်ဟာ အစကောင်းခဲ့ပေမဲ့ လေးချီမြောက်မှာ ဖျူရီက အသာစီးရခဲ့ပြီး တောက်လျှောက်ဖိထိုးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ ယူကရိန်းသားက ပြန်သာသွားပြီး ဖျူရီအထိနာခဲ့ကာ အမှတ်စဉ် ၉ အထိ ရေခဲ့ရပါတယ်။

ပွဲသိမ်းခေါင်းလောင်းထိုးတဲ့အထိ တောင့်ခံနိုင်ခဲ့ပေမဲ့ နောက်ဆုံး ၃ ချီမှာ ရုန်းကန်ခဲ့ရတဲ့အတွက် အမှတ်အရ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဖျူရီအနေနဲ့ ဒီနှစ်ထဲမှာပဲ တကျော့ပြန် မကျေပွဲ ပြန်စိန်ခေါ်သွားဖို့ ရှိနေပါတယ်။

Photo -  Reuters/Andrew Couldridge

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013