ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က ဒီမိုကရက်ပါတီကိုယ်စားပြု လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်နဲ့ စကားစစ်ထိုးဖို့ဆန္ဒရှိပေမဲ့ ဘိုင်ဒင်ဟာ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောတုန်းက စွန်လို “လွင့်” နေတဲ့ ပုံပေါ်တာကြောင့် ဆေးအရင်စစ်ခိုင်းဖို့လိုကြောင်း ပြောကြားပါတယ်။
ဘိုင်ဒင်ဟာ အခြေပြမိန့်ခွန်းပြောတုန်းက သူမှန်းမသိလောက်အောင်ကို တက်ကြွနေပေမဲ့ ညနေခင်းကျတော့ လုံးဝကို မောပန်းနေပုံပေါက်နေခဲ့တယ်လို့ ထရမ့်က စွပ်စွဲခဲ့ပါတယ်။
ပြီးတော့ စကားစစ်ထိုးမယ်ဆိုရင် မျှမျှတတရှိဖို့လိုကြောင်း၊ စီစဉ်တင်ဆက်ပေးတဲ့သူတွေ ကိုယ်တိုင်က ရိုးသားဖို့ လိုကြောင်းလည်း ထရမ့်က ပြောခဲ့ပါတယ်။
ထရမ့်က သူနဲ့အတူပြိုင်မယ့် ဒုတိယသမ္မတလောင်းတောင် မရွေးချယ်ရသေးဘဲ ဒုတိယသမ္မတလောင်းချင်းစကားစစ်ထိုးဖို့ပါ စီစဉ်နေကြတာကိုလည်း မေးခွန်းထုတ်ခဲ့ပါတယ်။
ဘိုင်ဒင်နဲ့ ထရမ့်တို့ဟာ နိုဝင်ဘာရွေးကောက်ပွဲ မတိုင်ခင် နှစ်ကြိမ်စကားစစ်ထိုးဖို့ စီစဉ်ထားပါတယ်။
ပထမတကြိမ်ကို CNN မှာ ဇွန် ၂၇ ရက်နေ့ ထုတ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။ နောက်တကြိမ်ကိုတော့ ABC ရုပ်သံမှာ စက်တင်ဘာ ၁၀ ရက်နေ့ လွှင့်ဖို့ ရည်ရွယ်ထားပါတယ်။ နှစ်ကြိမ်စလုံးမှာ ပရိသတ်မပါဘဲ စတူဒီယိုထဲမှာ ရိုက်ကူးဖို့ ရည်ရွယ်ထားပါတယ်။
Source/Photo - Reuters