Home
နိုင်ငံတကာ
လုပ်ကြံပစ်ခတ်ခံရသည့် ဆလိုဗက် ဝန်ကြီးချုပ် စိုးရိမ်ရသည့်အခြေအနေရှိနေဆဲ
DVB
·
May 19, 2024
Shooting incident after Slovak government meeting in Handlova

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပစ်ခတ်လုပ်ကြံခံခဲ့ရတဲ့ ဆလိုဗက်ကီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ် ရောဘတ်ဖီကိုဟာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေဆဲဖြစ်တယ်လို့ မေလ ၁၈ ရက်နေ့မှာ တာဝန်ရှိသူတွေက  ထုတ်ပြန်ပါတယ်။

ထပ်တိုးကြုံရနိုင်တဲ့လက္ခဏာတွေကို စောင့်ကြည့်နေရဆဲဖြစ်ကာ အခြေအနေတော့ တည်ငြိမ်နေတယ်လို့ဆိုပါတယ်။

အသက် ၅၉ နှစ်ရှိပြိဖြစ်တဲ့ ဝန်ကြီးချုပ်ကို သေနတ်နဲ့ ၅ ချက်တိတိ အနီးကပ်ပစ်ခတ်လုပ်ကြံမှုဟာ ဥရောပတဝန်း တုန်လှုပ်သွားစေခဲ့ပါတယ်။

လူဦးရေ ၅ ဒသမ ၄ သန်းပဲရှိတဲ့ ဗဟိုဥရောပနိုင်ငံငယ် ဆလိုဗက်ကီးယားမှာ နိုင်ငံရေးအခြေအနေ ရှုပ်ထွေးလာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ကျော်လွှားနိုင်တဲ့အခြေအနေ မရောက်သေးဘူးလို့ ဒုဝန်ကြီးချုပ် ရောဘတ်ကာလီနီယက်က ဝန်ကြီးချုပ်ကို ကုသနေတဲ့ ဘန်ကာဘီစထရီကာ မြို့ ဆေးရုံရှေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

တရားရုံးမှတ်တမ်းမှာ “ဂျူရက်စီ” လို့ပဲ ဖော်ပြတဲ့ ပစ်ခတ်သူလို့ သံသယရှိသူ လူသတ်ရန်ကြိုးပမ်းမှုနဲ့ စွဲချက်တင်လိုက်အပြီးမှာ ထိန်းသိမ်းထားဖို့ ဆလိုဗက် အထူးရာဇဝတ်တရားရုံးက ဆုံးဖြတ်ပါတယ်။

အခင်းဖြစ်တဲ့နေရာမှာတင် အရှင်မိထားတဲ့ လုပ်ကြံဖို့ကြိုးစားသူဟာ တဦးတည်း လှုပ်ရှားခဲ့တာသာဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးကဆိုပါတယ်။ ဒီလူဟာ အရင်ကလည်း အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

Source/Photo - REUTERS/Radovan Stoklasa

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013