Home
နိုင်ငံတကာ
ပီရူးတွင် လိင်ပြောင်းသူများကို စိတ်ရောဂါရှင်အဖြစ်ယူဆသည့် ဥပဒေအသစ်ကို  ကန့်ကွက် ဆန္ဒပြ 
DVB
·
May 19, 2024
'It's diversity, not disease': Peruvian LGBT community protests 'transphobic law'

ပီရူးမြို့တော်လီမာမှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ မေ ၁၇ ရက်က လမ်းလျှောက် ချီတက်ခဲ့ကြပြီး လိင်ပြောင်းသူတွေဟာ စိတ်ရောဂါရှိနေတာကြောင့် ကျန်းမာရေးခံစားခွင့်တွေ ရရှိနိုင်ကြောင်း ဖော်ပြထားတဲ့ ဥပဒေသစ်ကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

“အရှက်ရစရာ မဟုတ်ပါ”၊ “မိမိရဲ့ဖြစ်တည်မှုဟာ ရောဂါမဟုတ်ပါ” စတဲ့ ကြွေးကြော်သံ စာတန်းတွေကို ကိုင်ဆောင်ထားတဲ့  ဆန္ဒပြသူ ၅၀၀ လောက်ဟာ လီမာမြို့လယ်ရှိ လမ်းတွေပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း လမ်းလျှောက်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်က သမ္မတ ဒီနာဘိုလွာတေး အစိုးရရဲ့ အုပ်ချုပ်ရေးပိုင်းမှ အတည်ပြုခဲ့တဲ့ အဲဒီဥပဒေဟာ လိင်ပြောင်းထားသူအဖြစ် သတ်မှတ်ခံရသူတွေဟာ ဆန့်ကျင်ဖက်လိင်လို ဝတ်စားထားသူတွေနဲ့ လိင်ခွဲခြားမှုဆိုင်ရာ လက္ခဏာ ချို့ယွင်းနေသူတွေလိုပဲ စိတ်ရောဂါ ရှိနေသူတွေအဖြစ် သတ်မှတ်ထားပြီး အစိုးရနဲ့ ပုဂ္ဂလိကကျန်းမာရေးဌာနတွေမှာ စိတ်ကျန်းမာရေး စောင့်ရှောက်ကုသမှု ခံယူနိုင်ဖို့ အရည်အချင်း ပြည့်မီတယ်လို့ ဆိုပါတယ်။

ဆန္ဒပြသူတွေဟာ ကျန်းမာရေးဝန်ကြီးဌာနရုံးခန်းတွေကို ရောက်ရှိခဲ့ပေမဲ့ ပဋိပက္ခတွေဖြစ်ပွားခဲ့ခြင်း မရှိပါဘူး။

ဥပဒေဝေဖန်သူတွေကတော့ လက်ရှိစည်းမျဉ်းတွေဟာ စိတ်ကျန်းမာရေး ဝန်ဆောင်မှုတွေကို လူတိုင်းလက်လှမ်းမီနိုင်စေဖို့ ခွင့်ပြုထားပြီးဖြစ်တာကြောင့် နိုင်ငံရဲ့ PEAS ကျန်းမာရေးစည်းမျဉ်းတွေကို အပ်ဒိတ်လုပ်ဖို့ မလိုအပ်ဘူးလို့ စောဒကတက်ခဲ့ကြပါတယ်။ အစိုးရတာဝန်ရှိသူတွေကတော့ နားလည်မှုလွဲမှားခြင်းအဖြစ် အငြင်းပွားမှုကို ချေဖျက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

Source/Photo - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013