အင်္ဂလန်၊ လန်ဒန်အရှေ့ပိုင်းကို နိုဝင်ဘာ ၂၃ ရက်မှာ အင်္ဂါဂြိုဟ်ကြီး ရောက်ရှိလာပါတယ်။
ဂြိုဟ်နီကြီးလို့ ထင်ရှားတဲ့ အင်္ဂါဂြိုဟ်နဲ့ တထေရာတည်းတူတဲ့ ဒီအလုံးကြီးကို ဂရင်းနစ်မြို့က အိုးလ်ရိုင်ရဲနေဗယ်ကောလိပ်က ပန်းချီပြခန်းမကြီးမှာ ပြသထားပါတယ်။
၁၈ ရာစု နံရံဆေးရေးပန်းချီတွေပေါ်က ဘုရင်တွေနဲ့ နတ်ဘုရားတွေရဲ့ အကြည့်အောက်မှာ ၇ မီတာရှိတဲ့ ဂြိုဟ်နီကြီးဟာ ဖြည်းဖြည်းချင်း လည်နေပြီး နာဆာက ရိုက်ကူးထားတဲ့ ဂြိုဟ်မျက်နှာပြင်ရဲ့ အရည်အသွေးမြင့် ဓာတ်ပုံတွေကို ပြသနေပါတယ်။
ဒီအလုံးကြီးရဲ့ ၁ စင်တီမီတာဟာ ဂြိုဟ်မျက်နှာပြင် ၁၀ ကီလိုမီတာကို ကိုယ်စားပြု အချိုးကျပါတယ်။
အင်္ဂါဂြိုဟ်ဟာ နေစကြာဝဠာထဲမှာ ဒုတိယမြောက် အသေးဆုံးဂြိုဟ်ဖြစ်ပြီး နေကနေ စတုတ္ထမြောက် အနီးဆုံးဂြိုဟ် ဖြစ်ပါတယ်။
ကမ္ဘာကနေ ပျမ်းမျှအကွာအဝေးက ကီလိုမီတာ ၂၂၅ သန်း (မိုင်သန်း ၁၄၀) လောက် ရှိပါတယ်။
ဒီဂြိုဟ်လုံးကြီးရဲ့ ငြိမ်သက်မှုက စတုရန်းမီတာ ၃,၇၀၀ ကျယ်ဝန်းတဲ့ ဘာရို့ခ်ခေတ် နံရံဆေးရေးပန်းချီတွေနဲ့ သိသိသာသာ ကွာခြားနေပါတယ်။ အင်္ဂါဂြိုဟ်ပုံတူပြပွဲကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်အထိ ပြသသွားမှာ ဖြစ်ပါတယ်။
Source: Reuters