Home
နိုင်ငံတကာ
ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသမီးနှင့် အပုဆုံးအမျိုးသမီးတို့ လန်ဒန်တွင် တွေ့ဆုံ 
DVB
·
November 21, 2024
Photo-Reuters

ဂင်းနစ်ကမ္ဘာ့စံချိန်များနေ့ အခမ်းအနားမှာ ကမ္ဘာ့အရပ်အရှည်ဆုံး အမျိုးသမီးနဲ့ အရပ်အပုဆုံး အမျိုးသမီးတို့ တွေ့ဆုံခဲ့ပါတယ်။

သူတို့ ၂ ယောက်ဟာ လန်ဒန်မှာ နိုဝင်ဘာ ၁၉ ရက်က တွေ့ဆုံခဲ့တာဖြစ်ပြီး စံချိန်ချိုးမှု အကဲဖြတ်သူတွေက ပုံရိပ်တခုအဖြစ် ဂုဏ်ပြုခဲ့မှုကြောင့် တွေ့ဆုံခဲ့တာပါ။

တူရကီသုတေသနသမားတယောက်ဖြစ်တဲ့ ဂယ်ဂီဟာ အရပ် ၇ ပေကျော်ရှည်ပြီး ကမ္ဘာ့အပုဆုံး အမျိုးသမီးဖြစ်တဲ့ အိန္ဒိယသူ ဂျိုတီအန်ဂီကတော့ ၂၄ လက်မကျော်ပဲရှိတဲ့ သရုပ်ဆောင်တယောက် ဖြစ်ပါတယ်။

ဂင်းနစ်ကမ္ဘာ့စံချိန်များနေ့ကို ၂၀၀၄ ခုနှစ်မှာ စတင်ခဲ့တာဖြစ်ပြီး ကမ္ဘာနဲ့တဝန်းမှာရှိတဲ့ လူတွေကို စံချိန်သစ်တွေအတွက် ကြိုးစားဖို့ အားပေးခဲ့ပါတယ်။

လက်ရှိ ကမ္ဘာ့စံချိန်တွေထဲမှာ လူသိအများဆုံး ၂ ယောက်ကတော့ အမ်ဂီနဲ့ ဂယ်ဂီတို့ဖြစ်ပြီး သူတို့ ၂ ယောက်ကို အိုင်ကွန်တွေအဖြစ် ဂင်းနစ်အဖွဲ့က ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

“ဂင်းနစ်ကမ္ဘာ့စံချိန်တွေအတွက် ဒီနှစ်က အထူးနှစ်ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ ဂင်းနစ် ကမ္ဘာ့စံချိန်နေ့ နှစ် ၂၀ ပြည့်သာမက ဂင်းနစ်စာအုပ် နှစ်ပတ်လည်ဖြစ်တဲ့ နှစ်ပေါင်း ၇၀ အတွက် အခမ်းအနားပဲ ဖြစ်ပါတယ်။ ဒီလို ကမ္ဘာ့စံချိန်တင်ပုံရိပ်တွေဖြစ်တဲ့ ၂ ဦးနဲ့ အခမ်းအနား ကျင်းပရတာက အရမ်းကောင်းပါတယ်” လို့ ဂင်းနစ်အယ်ဒီတာချုပ်က ပြောပါတယ်။

ဂင်းနစ်ကမ္ဘာ့စံချိန်စာအုပ်ကို ၁၉၅၅ ခုနှစ် ဩဂုတ် ၂၇ ရက်ကနေ အခုအချိန်အထိ ဆက်လက် ထုတ်ဝေနေပါတယ်။

၁၉၅၅ ခုနှစ်က ပထမဆုံးထုတ်ဝေတဲ့ စာအုပ်မှာတင် ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့ပြီး နောက်နှစ်မှာ နိုင်ငံတကာကိုပါ ဖြန့်ချိခဲ့တာဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်ဟာ ဂင်းနစ်အတွက် နှစ်ပေါင်း ၇၀ ပြည့်ဖြစ်မှာ ဖြစ်ပါတယ်။

ဂင်းနစ်မှတ်တမ်းတင်အဖွဲ့ဟာ နိုင်ငံပေါင်း ၁၀၀ မှာ ဘာသာစကား ၄၀ နဲ့ ထုတ်ဝေခဲ့ပြီး အချက်အလက်ပေါင်း ၅၃,၀၀၀ ကျော် ထိန်းသိမ်းထားနိုင်ပြီဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013