ဘီဘီစီသတင်းဌာနက မြင်းပြိုင်ပွဲအကြောင်း ဝေဖန်သုံးသပ်တင်ဆက်သူ ဂျွန်ဟန့်ရဲ့ ဇနီးနဲ့ သမီး ၂ ယောက်ဟာ လန်ဒန်မြို့ပြင်ရှိ နေအိမ်မှာ အသတ်ခံရပြီးနောက် ဇူလိုင် ၁၀ ရက်မှာ ပြစ်မှုကျူးလွန်သူကို ဗြိတိန်ရဲတပ်ဖွဲ့ဝင် အင်အားအများအပြားနဲ့ လိုက်လံဖမ်းဆီးနေပါတယ်။
အရာရှိတွေဟာ ဇူလိုင် ၉ ရက် ညနေပိုင်းမှာ လန်ဒန်မြို့ အနောက်မြောက်ဘက် မိုင် ၂၀ အကွာရှိ ဘွတ်ရှီမြို့က နေအိမ်မှာ အသက် ၂၅ နှစ်၊ ၂၈ နှစ်နဲ့ ၆၁ နှစ် အသီးသီးရှိတဲ့ အမျိုးသမီး ၃ ယောက်ဟာ ဒူးလေးနဲ့ ပစ်သတ်ခံရတယ်လို့ ယူဆထားပြီး ဒဏ်ရာအပြင်းအထန် ရထားတာကို ရှာဖွေတွေ့ရှိခဲ့ကာ သူတို့ဟာ ခဏအကြာမှာ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားကြပါတယ်။
အဲဒီအမျိုးသမီးတွေဟာ ဘီဘီစီ မြင်းပြိုင်ပွဲအကြောင်း တင်ဆက်သူ ဂျွန်ဟန့်ရဲ့ ဇနီး ကာရိုးလ်ဟန့်နဲ့ သမီး ၂ ယောက် ဖြစ်ကြကြောင်း ဘီဘီစီက ပြောပါတယ်။
ဒီဖြစ်ရပ်မှာ သံသယရှိသူ အသက် ၂၆ နှစ်အရွယ် ကိုင်းလ် ကလစ်ဖို့ဒ်ကို လက်နက်ကိုင် အရာရှိတွေ ပါဝင်တဲ့ ရှာဖွေရေးအဖွဲ့က လန်ဒန်မြောက်ပိုင်းရှိ နေရာအသီးသီးမှာ စတင်လိုက်ရှာနေပြီ ဖြစ်ပါတယ်။
ရဲတွေက သူ့ဘာသာ အညံ့ခံဖို့ ပြောကြားခဲ့ပြီး သူ့နားကို မကပ်ကြဖို့ လူထုကို သတိပေးခဲ့ပါတယ်။
ရဲကြီးကြပ်ရေးမှူးချုပ် ဂျွန်ဆင်ပ်ဆင်က အဖြစ်အပျက်ဟာ ကြောက်စရာကောင်းပြီး ကျူးလွန်သူမှာ ဒူးလေးအပြင် တခြားလက်နက်တွေလည်း ပါရှိနိုင်ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။
Source-Reuters