Home
နိုင်ငံတကာ
ဗြိတိန်တွင် လေကြောင်းပြပွဲနှင့် ဆွေးနွေးပွဲ ကျင်းပ
DVB
·
July 23, 2024
Photo-Reuters

လေကြောင်းခရီးသွားလုပ်ငန်းက ခေါင်းဆောင်တွေ ဗြိတိန်နိုင်ငံ မြို့တော် လန်ဒန်ရဲ့ အပြင်ဘက်က မာ့က် ထိပ်သီးညီလာခံကို ဇူလိုင် ၂၂ ရက်က တက်ရောက်ခဲ့ပါတယ်။

ထောက်ပံ့ဖြန့်ဖြူးရေးကွင်းဆက်တွေ ပြတ်တောက်တာ၊ လေယာဉ်တွေ နှောင့်နှေးတာနဲ့ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး အစီအမံတွေ စမ်းတဝါးဝါး ဖြစ်နေတာတွေကြောင့် လေကြောင်းခရီးသွားလုပ်ငန်းဟာ ရုန်းကန်နေရပါတယ်။

ဇူလိုင် ၂၂ ရက်ကနေ ၂၆ ရက်ထိ ကျင်းပမယ့် ဖန်းဘရာ လေကြောင်းပြပွဲမှာ လေကြောင်းလိုင်းတွေ၊ လေယာဉ်ထုတ်လုပ်သူတွေနဲ့ လက်နက်ထုတ်လုပ်သူ လုပ်ငန်းတွေရဲ့ ထိပ်တန်း အမှုဆောင်အရာရှိတွေ တက်ရောက်မှာ ဖြစ်ပါတယ်။

ဒီလေကြောင်းပြပွဲဟာ ဘိုးရင်းနဲ့ အဲဘတ်စ် လေယာဉ်ထုတ်လုပ်ငန်းတွေဆီကနေ ခရီးသည်တင် ဂျက်လေယာဉ်တွေ မှာယူတဲ့ပွဲတော် ဖြစ်လေ့ရှိပါတယ်။

အဲဘတ်စ်က ထုတ်လုပ်ရေးပန်းတိုင်ကို ရောက်ဖို့ ရုန်းကန်နေရတာပါ။ ဇန်နဝါရီလက ဘိုးရင်း 737 မက်စ်ခ် ဂျက်လေယာဉ်ကနေ တံခါးပြုတ်ထွက်ခဲ့လို့ ဘိုးရင်းက ဘေးကင်းရေး အကျပ်အတည်းတွေကြားမှာ အကြိတ်အနယ် ကြိုးစားနေရလို့  ဒီပြပွဲမှာ အဝယ်အမှာစာတွေ ပြုံကျလာတာမျိုးဖြစ်ဖို့ မျှော်လင့်မထားဘူးလို့ ကိုယ်စားလှယ်တွေက ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် ထိခိုက်ခဲ့တဲ့ လေကြောင်းခရီးသွားလုပ်ငန်းမှာ ခုတော့ အလုပ်သမားနဲ့ အပိုပစ္စည်းတွေ ပြတ်လပ်နေပါတယ်။

ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ကတိကဝတ်တွေကို အလေးထားဖို့ ကြိုးစားရင်း လေယာဉ်တည်ဆောက်ရေး လုပ်ငန်းကြီးတွေနဲ့ လေကြောင်းလိုင်းတွေဟာ ကမ္ဘာလုံးဆိုင်ရာ လေကြောင်းခရီးသွားလာရေး တိုးချဲ့ဖို့ စီစဉ်နေလို့ ရေရှည်တည်တံ့ခိုင်မြဲရေး အခင်းအကျင်း တွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေကိုလည်း ဒီလေကြောင်းပြပွဲအတွင်း တရစပ် ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

ကာကွယ်ရေးပိုင်းမှာတော့ အမေရိကန်ရဲ့ အနာဂတ်ဖြစ်တဲ့ F-22 တိုက်လေယာဉ်တွေကို အစားထိုးဖို့ နှောင့်နှေးမှု ဖြစ်နိုင်ခြေတွေ၊ ဗြိတိန်နိုင်ငံက အလုပ်သမား အစိုးရသစ်ရဲ့  ကာကွယ်ရေး ပြန်လည်သုံးသပ်ချက်တွေနဲ့ ယူကရိန်းအရေးတွေကို အာရုံစိုက်ထားကြပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013