Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် တောင်ပေါ်က လိမ့်ကျလာသည့်ကျောက်တုံး စစ်ရှောင်အဘိုးအိုကို ပိမိပြီး သေဆုံး
DVB
·
April 28, 2025
STONE 28042025

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ဧပြီ ၂၈ ရက်က တောင်ပေါ်ကနေ ကျောက်တုံးတလုံး လိမ့်ကျလာပြီး စစ်ရှောင်အဘိုးအိုကို ပိမိတာကြောင့် သေဆုံးသွားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၂၈ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ ကျောက်တုံးက တောင်​ခြေကို လိမ့်လာရင်းကနေ  အဘိုးအိုနေနေတဲ့ အခန်းတည့်တည့်ကို ကျပြီး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒေသခံ အမျိုးသမီးတယောက်က “ကျောက်တုံးက အပေါ်ကနေ ကျလာတာ၊ အဲ့နောက် တဆင့်ခံပြီး အဘိုးအိပ်တဲ့နေရာကို တည့်တည့်ကျတာ။ အဘိုးနေတဲ့ အခန်းလည်း တော်တော်စုတ်သွားတယ်” လို့ ပြောပါတယ်။

လေဖြတ်ရောဂါဝေဒနာ ခံစားနေရတဲ့ အဘိုးအိုဟာ 4 wheel ကားတစီးစာအရွယ် ကျောက်တုံးပိမိတာကြောင့် ဆုံးပါးသွားကာ နေအိမ်လည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

မတ် ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ကျောက်တောင်တွေ ကွဲအက်မှုရှိနေပြီး ဧပြီ ၂၇ ရက်နေ့မှာလည်း မိုးရွာတာကြောင့် ကျောက်ဆောင်တွေ ပြိုကျလာတယ်လို့ ဆိုပါတယ်။

ငလျင်ကြောင့် ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ အလျား ပေ ၁၀၀ နဲ့ အနက် ပေ ၁၀၀ ကျော်တဲ့ တွင်းပေါက်ကြီးတခုလည်း ပေါ်လာတာကြောင့် အနီးနားက ပြည်သူတွေ နေရာရွှေ့ပြောင်းခဲ့ရပါသေးတယ်။

ဓာတ်ပုံ -Jobs For Kayah

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013