Home
မြန်မာသတင်း
မန္တလေးတွင် ပြိုကျအဆောက်အအုံများအောက် ရုပ်အလောင်းအချို့ ထပ်တွေ့
DVB
·
April 26, 2025
MDY26042025-3-1
MDY26042025-2-1
MDY26042025-1-1
MDY26042025-4-2
MDY26042025 (4)
MDY26042025 (3)
MDY26042025 (2)
MDY26042025 (1)

ပြီးခဲ့တဲ့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မန္တလေးတိုင်းအတွင်း ပြိုကျပျက်စီး အဆောက်အအုံတွေကို ယန္တရားတွေနဲ့ ဖယ်ရှားရှင်းလင်းနေရာမှာ သေဆုံးရုပ်အလောင်းအချို့ ထပ်မံတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၈B× ၇၂ လမ်းထောင့်ရှိ  မာကျူရီတည်းခိုခန်းအဆောက်အအုံကို ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ရာမှာ ဧပြီ ၂၆ ရက် ဒီနေ့မနက် ၁၁ နာရီလောက်က အမျိုးသမီးတယောက်ရဲ့ ရုပ်အလောင်းအား ထုတ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မန္တလေးမြို့၊ လမ်း (၃၀) ၇၀×၇၁လမ်းကြားရှိ Golden City Hotel အဆောက်အအုံကနေ ဒီနေ့မနက် ၁၀ နာရီမှာ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို ထုတ်ယူပေးခဲ့ပါတယ်။

ဧပြီ ၂၅ ရက် မွန်းတည့် ၁၁ ခွဲလောက်ကလည်း အဆိုပါအဆောက်အအုံကနေ အမျိုးသမီးတယောက်နဲ့ အမျိုးသားတယောက်ရဲ့ အလောင်းတွေကို ထုတ်ယူနိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Photo : မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013