Home
အားကစား
ယူရိုပါလိဂ်တွင် မန်ယူကိုကျော်ဖြတ်ပြီး စပါးအသင်း ချန်ပီယံဖြစ်ရန် ရေပန်းစား
DVB
·
April 20, 2025
Photo : Reuters

ယူရိုပါလိဂ်ပြိုင်ပွဲမှာ စပါးအသင်းက ဘီလ်ဘာအိုနဲ့ မန်ယူအသင်းတွေကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်လာပါတယ်။

အချက်အလက်ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ Opta က စူပါကွန်ပြူတာနဲ့ တွက်ချက် ထုတ်ပြန်ခဲ့တာပါ။

ဆီမီးဖိုင်နယ်မှာ စပါးအသင်းက နော်ဝေကလပ် ဘိုဒိုဂလစ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မန်ယူက စပိန်ကလပ် ဘီလ်ဘာအိုနဲ့ တွေ့ဆုံနေတာပါ။

စူပါကွန်ပြူတာရဲ့ တွက်ချက်ပုံအရ အသင်းတသင်းရဲ့ သမိုင်းအစဉ်အလာနဲ့ နောက်ဆုံးပွဲစဉ်တွေက စွမ်းဆောင်ရည်ကို အသုံးပြုပြီး ပွဲတပွဲချင်းစီရဲ့ ဖြစ်နိုခြေရလဒ်တွေကို တွက်ချက်ပြီး ချန်ပီယံဖြစ်ဖို့ ရာခိုင်နှုန်း သတ်မှတ်တာပါ။

စပါးအသင်းက ဗိုလ်လုပွဲရောက်ဖို့ ၆၆ ဒသမ ၆ ရာခိုင်နှုန်း၊ ချန်ပီယံဖြစ်ဖို့ ၃၄ ဒသမ ၉ ရာခိုင်နှုန်း အထိ သတ်မှတ်ခံရတာပါ။

စပါးအသင်းရဲ့နောက်မှာ ဘီလ်ဘာအိုက ချန်ပီယံဖြစ်ဖို့ ၂၈ ဒသမ ၅ ရာခိုင်နှုန်း၊ မန်ယူအသင်းက ၂၄ ဒသမ ၂ ရာခိုင်နူန်း၊ ဘိုဒိုအသင်းက ၁၂ ဒသမ ၄ ရာခိုင်နှုန်း အသီးသီး သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013