
လိုင်ယွန်နဲ့ ယူရိုပါလိဂ်ပွဲစဉ်က မန်ယူအသင်းရဲ့ နိုင်ပွဲမျိုး တကြိမ်တခါမှ မမြင်တွေ့ခဲ့ရဘူးကြောင်း မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က ချီးကျူးပြောသွားပါတယ်။
မန်ယူအသင်းဟာ လိုင်ယွန်နဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အချိန်ပို ၁၁၀ မိနစ်အထိ ၄ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်နေပေမဲ့ လက်ကျန် ၁၀ မိနစ်ကျော်အတွင်း ၃ ဂိုးပြန်သွင်းပြီး ၅ ဂိုး ၄ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
တဖက်အသင်းသားတယောက် အနီကတ်နဲ့ ထုတ်ခံရလို့ အချိန်ပို စတင်ချိန်ကတည်းက တယောက်အသာရနေပေမဲ့ မန်ယူအသင်းရဲ့ ပြန်လာနိုင်မှုက အံ့အားသင့်စရာကောင်းပြီး ပရိသတ်တယောက်အနေနဲ့ အဲဒီလိုပွဲမျိုး တကြိမ်တခါမှ မမြင်တွေ့ဘူးကြောင်း ဖာဒီနန်က ပြောပါတယ်။
ဖာဒီနန်နဲ့အတူ TNT Sport မှာ သုံးသပ်တင်ဆက်ခဲ့တဲ့ ပေါလ်စခိုးကလည်း မန်ယူအသင်းရဲ့ အံ့ဖွယ်ပြန်လာနိုင်မှုအပေါ် ချီးကျူးခဲ့ပြီး ယူနိုက်တက်အသင်းသမိုင်းတလျှောက် အံ့အားသင့်စရာ ပြန်လာနိုင်ခဲ့တဲ့ ပွဲစဉ်တွေထဲက တပွဲဖြစ်ခဲ့ကြောင်း ပြောသွားပါတယ်။