
နယူးကာဆယ်ကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသင်းဖော်တွေကို ဝေဖန်ခဲ့တဲ့အပေါ် မန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်က ရှင်းလင်းသွားပါတယ်။
မန်ယူအသင်းဖော်တွေရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းမှုအပေါ် ဖာနန်ဒက်စ်က ဝေဖန်ပြစ်တင်ခဲ့တာ ဖြစ်ပြီး ခုထက်ပိုကောင်းအောင် ကစားနိုင်စွမ်းရှိတာကို သိရှိတဲ့အတွက် ပြစ်တင်ဝေဖန်ခဲ့တာလို့ ဖာနန်ဒက်စ်က ပြောပါတယ်။
မန်ယူနိုက်တက်အသင်းကို ကိုယ်စားပြု ကစားရတာက ခက်ခဲတယ်ဆိုတာ သိရှိနားလည်ထားပြီး အသင်းသားတိုင်းက နိုင်ပွဲတွေ ရယူပေးချင်တဲ့ ဆန္ဒရှိကြောင်း ဖာနန်ဒက်စ်က ပြောပါတယ်။
ယူရိုပါလိဂ် ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာ ပရိသတ်တွေရဲ့ အားပေးမှု လိုအပ်ပြီး ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းချင်ကြောင်း ဖာနန်ဒက်စ်က ပြောသွားပါတယ်။