Home
အားကစား
မန်ယူသမိုင်းတွင် အညံ့ဖျင်းဆုံးဂိုးသမားဟု ဝေဖန်ခံရသည့်အပေါ်  အိုနားနား တုံ့ပြန်
DVB
·
April 11, 2025
Europa League - Quarter Final - First Leg - Olympique Lyonnais v Manchester United

မန်ယူအသင်းသမိုင်းတလျှောက် အညံ့ဖျင်းဆုံးဂိုးသမားလို့ ဝေဖန်ခံရတဲ့အပေါ် ဂိုးသမား အိုနားနားက ပြန်လည်တုံ့ပြန်သွားပါတယ်။

လိုင်ယွန်နဲ့ မန်ယူအသင်းတို့ ကစားရမယ့် ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင်မှာ လိုင်ယွန်ကွင်းလယ်လူ မာတစ်က  အိုနားနားဟာ မန်ယူအသင်းသမိုင်းတလျှောက် အညံ့ဖျင်းဆုံး ဂိုးသမားဖြစ်ကြောင်း ဝေဖန်ခဲ့တာပါ။

မိမိအပေါ် အညံ့ဆုံးဂိုးသမားလို့ ပြောနေပေမဲ့ မိမိဟာ မန်ယူအသင်းလို ခမ်းနားတဲ့အသင်းအတွက် အနည်းဆုံးတော့ ဆုဖလားတလုံး ကိုင်မြှောက်ခွင့်ရခဲ့ကြောင်း၊ တချို့သော မန်ယူနိုက်တက် ကစားသမားဟောင်းတွေ အတွက်တော့ အဲဒီလိုပြောဆိုခွင့်ရမှာမဟုတ်ကြောင်း မာတစ်ကို ရည်ရွယ်ပြီး အိုနားနားက ပြန်တုံ့ပြန်ခဲ့တာပါ။

ဆားဘီးယားကွင်းလယ်လူ မာတစ်ဟာ မန်ယူအသင်းမှာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ ကစားခဲ့ပြီး ဆုဖလားရယူနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013