
မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီမှာ အစ်ဆွစ်တိုက်စစ်မှူး လီယန်ဒီလက်ပ်ကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
အသက် ၂၂ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးဟာ မန်စီးတီးအသင်း အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး ၂၀၂၄ ခုနှစ်က အစ်ဆွစ်အသင်းဆီ ပြောင်းရွှေ့ကစားခဲ့ကာ ခြေစွမ်းပြသနိုင်ခဲ့တာပါ။
ပရီးမီးယားလိဂ် ပွဲ ၃၀ ကစားအပြီးမှာ ၁၂ ဂိုးအထိ သွင်းယူထားတဲ့ ဒီလက်ပ်ကို မန်ယူ အပါအဝင် တခြားပရီးမီးယားလိဂ်အသင်းတွေကလည်း ခေါ်ယူလိုနေကြတာပါ။
အစ်ဆွစ်အသင်းအနေနဲ့ အခုနှစ်ရာသီမှာ တန်းဆင်းခဲ့ရမယ်ဆိုရင် ဒီလက်ပ်ရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၄၀ ဝန်းကျင်သာရှိပြီး မန်ယူအသင်းက ခေါ်ယူနိုင်ဖို့ အလေးသာဆုံးအသင်း ဖြစ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
မန်ယူအနေနဲ့ အိုဆီမန်၊ ယိုကရက်စ်တို့လို တိုက်စစ်မှူးတွေနဲ့လည်း သတင်းထွက်နေပေမဲ့ ဒီလက်ပ်ကို ဦးစားပေးခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။