
လိုင်ယွန်နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အရေးပေါ်အခြေအနေကြောင့် မန်ယူကစားသမား ၂ ယောက် ကွင်းထဲကနေ ထွက်ခွါသွားခဲ့ရတယ်လို့ သိရပါတယ်။
ဒုတိယပိုင်းစတင်ချိန်မှာ ပွဲထွက်လူစာရင်းမှာပါဝင်ခဲ့တဲ့ နောက်ခံလူ မက်ဇ်ရာအိုယီကို လုခ်ရှောနဲ့ လူစားလဲခဲ့ရပြီး အရန်ခုံတန်းက နောက်ခံလူ လင်ဒီလော့ဖ်ဟာလည်း ကွင်းထဲကနေ အရေးပေါ် ထွက်သွားခဲ့ရတပါ။
နောက်ခံလူမက်ဇ်ရာအိုယီက ပြဿနာတခုရှိခဲ့လို လူစားလဲခဲ့ရတာဖြစ်သလို ဗစ်တာလင်ဒီလော့ဖ်ဟာလည်း ပုဂ္ဂိုလ်ရေးဆိုင်ရာပြဿနာတခု ပေါ်လာတာကြောင့် ကွင်းထဲကနေ ထွက်ခွါခဲ့ရတာလို့ နည်းပြအာမိုရင်က ပွဲအပြီးမှာ ပြောပါတယ်။
ကစားသမား ၂ ယောက်စလုံးရဲ့ အခြေအနေအပေါ် အသေးစိတ်မပြောခဲ့ပေမဲ့ အရေးပေါ် အခြေအနေနဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာပြဿနာတွေကြောင့်လို့ နည်းပြအာမိုရင်က ဖြေရှင်းသွားခဲ့တာ ဖြစ်ပါတယ်။
Photo; Reuters