Home
အားကစား
အနာဂတ်ကိစ္စ မသိနိုင်ဟု မန်ယူနှင့် အာဆင်နယ် ပစ်မှတ် ယိုကရက်ရှ် ပြော
DVB
·
April 20, 2025
Photo: Reuters

အနာဂတ်ကိစ္စ ဘယ်သူမှ မသိနိုင်ကြောင်း မန်ယူနဲ့ အာဆင်နယ် အသင်းတွေက ခေါ်ယူဖို့  ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူး ဗစ်တာ ယိုကရက်စ်က ပြောသွားပါတယ်။

ပေါ်တူဂီကလပ် စပို့တင်းမှာ ခြေစွမ်းပြနေတဲ့ ဆွီဒင် တိုက်စစ်မှူးဟာ အခုနှစ်ရာသီအတွင်း ပြိုင်ပွဲစုံ ၄၆ ပွဲမှာ ၄၇ ဂိုးအထိ သွင်းယူထားတာပါ။

အသက် ၂၆ နှစ်ရှိ တိုက်စစ်မှူးဟာ စပို့တင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမဲ့ ကစားသမားရဲ့ အနာဂတ်အတွက်လာမယ့် ရာသီမှာ အသင်းကနေ ထွက်ခွာခွင့်ပြုမယ်လို့ သတင်းထွက်နေတာပါ။

ဧပြီ ၁၉ရက်က ကစားခဲ့တဲ့ ပေါ်တူဂီလိဂ်ပွဲစဉ်မှာ ဟတ်ထရစ် ၃ ဂိုး သွင်းယူခဲ့တဲ့ ယိုကရက်စ်ဟာ အနာဂတ်ကိစ္စနဲ့ပတ်သက်တဲ့ မေးမြန်းမှုအပေါ် ဘယ်သူမှ မသိနိုင်ကြောင်းနဲ့ လက်ရှိအခိုက်အတန့်အပေါ်မှာပဲ အာရုံစိုက်ထားကြောင်း ပြန်လည်ဖြေကြားခဲ့တာပါ။

စပို့တင်းဟာ ယိုကရက်စ်အတွက် ပေါင် ၅၅ သန်းကနေ သန်း ၇၀ အတွင်း အမြင့်ဆုံး ပေးချေနိုင်မယ့်အသင်းကို ရောင်းချသွားမှာဖြစ်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013