
အာဆင်နယ်အသင်း ချန်ပီယံလိဂ်ဆုဖလားဖို့ မျှော်လင့်ကြောင်း နည်းပြအန်စလော့တီက နည်းပြ အာတေတာကို ပြောခဲ့တယ်လို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ကို နှစ်ကျော့ပေါင်းရလဒ် ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရအပြီး လက်ဆွဲနှုတ်ဆက်စဉ်မှာ အာဆင်နယ်ဆုဖလားရဖို့ မျှော်လင့်ပြီး အဲဒီသလိုဖြစ်လာမယ်ဆိုရင် ပျော်ရွှင်ရမှာဖြစ်တယ်လို့ နည်းပြအန်စလော့တီက ပြောခဲ့ကြောင်း နည်းပြအာတေတာက ပြန်လည်ပြောပြခဲ့တာပါ။
နည်းပြအန်စလော့တီဟာအလွန် ကြင်နာတတ်တဲ့ နည်းပြဖြစ်ပြီး ပြိုင်ဘက် အသင်းဆိုပေမဲ့ ဆုဖလားရဖို့ ဆန္ဒပြုပေးခဲ့တာဖြစ်ကြောင်း နည်းပြအာတာက ကပြောပါတယ်။
နည်းပြအန်စလော့တီဟာ ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတာကြောင့် ရီးရဲလ်နည်းပြ ရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီး ဘရာဇီးလက်ရွေးစင်အသင်းနည်းပြ ဖြစ်လာဖို့ စတင်ဆွေးနွေး နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
Photo; Reuters