
လီဗာပူးနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူမိကြောင်း နောက်ခံလူ ဗန်ဒိုက်က ပြောသွားပါတယ်။
အသက် ၃၃ နှစ်ရှိ ဟော်လန်နောက်ခံလူဟာ လီဗာပူးနဲ့ ၂ နှစ်သက်တမ်းတိုးခဲ့ပြီး ၂၀၂၇ ခုနှစ်အထိ အသင်းမှာ ဆက်ရှိမှာပါ။
အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ အနာဂတ် မရေမရာဖြစ်ခဲ့ပေမဲ့ အဆုံးသတ်မှာ စာချုပ်သက်တမ်းတိုးနိုင်ခဲ့တဲ့အပေါ် ဂုဏ်ယူမိကြောင်း ဗန်ဒိုက် ပြောခဲ့တာပါ။
လီဗာပူးအသင်းမှာ နောက်ထပ် ၂ နှစ် ဆက်ရှိနေမှာက ဝမ်းမြောက်စရာဖြစ်ပြီး လီဗာပူးအသင်းက အမြဲတမ်း ဦးစားပေးဖြစ်ကြောင်း ဗန်ဒိုက်က ပြောပါတယ်။
လီဗာပူးအသင်းဟာ အဓိက တိုက်စစ်ကစားသမား ဆာလာကိုလည်း ၂ နှစ် သက်တမ်းတိုးနိုင်ခဲ့ပြီး နောက်မှာ အဓိကနောက်ခံလူ ဗန်ဒိုက်ကိုလည်း စာချုပ်သက်တမ်းတိုးနိုင်ခဲ့တာပါ။
ကစားသမား ၂ ယောက်စလုံး လုပ်ခတိုးမြှင့်ရရှိမှာဖြစ်ပြီး အသေးစိတ်မသိရပေမဲ့ ပရီးမီးယားလိဂ်ရဲ့ လုပ်ခအများဆုံး ကစားသမားတွေ ဖြစ်လာမယ်လို့ သိရပါတယ်။