
လီဗာပူးအသင်းဟာ တောင်ပံတိုက်စစ်ကစားသမား မိုဟာမက်ဆာလာကို ၂ နှစ်သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ သဘောတူခဲ့ပြီလို့ သိရပါတယ်။
အခုနှစ်ရာသီအကုန်မှာ ဆာလာဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး သက်တမ်းတိုးဖို့ ဆွေးနွေးမှု ကြန့်ကြာနေခဲ့တာပါ။
လက်ရှိအချိန်မှာတော့ ဆာလာနဲ့ စာချုပ်သက်တမ်းတိုးရေးကိစ္စ ဆွေးနွေးမှု ပြီးဆုံးသွားပြီဖြစ်ပြီး ၂ နှစ် သက်တမ်းတိုးဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။
ဆာလာကို ဆော်ဒီပရိုလိဂ်ကလပ်တွေက မက်မောစရာလုပ်ခနဲ့ ကမ်းလှမ်းတာတွေရှိတဲ့တိုင် လီဗာပူးမှာ ဆက်နေဖို့ နီးစပ်လာခဲ့တာပါ။
နောက်ခံလူ ဗန်ဒိုက်လည်း ဆာလာလိုပဲ အသင်းနဲ့ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။
နောက်ခံလူ အာနိုးလ်ကို သက်တမ်းတိုးဖို့ ကိစ္စကတော့ အဆင်မပြေသေးတာကြောင့် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ ရှိနေပါတယ်။