
လီဗာပူး တိုက်စစ်ကစားသမား မိုဆာလာအနေနဲ့ ၃ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်နေတဲ့ အကြောင်းအရင်းကို နည်းပြ အာနဲစလော့က ရှင်းလင်းပြောပြသွားပါတယ်။
ဆာလာဟာ အခုနှစ်ရာသီမှာ ပြိုင်ပွဲစုံ ၃၂ ဂိုးအထိ သွင်းယူထားသူဖြစ်ပေမဲ့ ပီအက်စ်ဂျီ၊ နယူးကာဆယ်နဲ့ အဲဗာတန် ပွဲစဉ် ၃ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့တာပါ။
ဆာလာ ၃ ပွဲဆက်တိုက် ဂိုးမရခဲ့တာက ပြိုင်ဘက်အသင်းတွေနဲ့ ပွဲစဉ်ဇယားကြောင့်ဖြစ်ပြီး ပီအက်စ်ဂျီ၊ နယူးကာဆယ်နဲ့ အဲဗာတန်အသင်းတွေက ဂိုးသွင်းဖို့ ခက်တဲ့အသင်းတွေဖြစ်ကြောင်း နည်းပြစလော့က ပြောပါတယ်။
ဆာလာဟာ စွမ်းဆောင်ရည်မကောင်းတဲ့ ပွဲစဉ်တွေမှာတောင် ဂိုးသွင်းလေ့ရှိသူဖြစ်ပြီး သုံးပွဲဆက် ဂိုးမရတဲ့အပေါ် စိုးရိမ်စရာ မလိုအပ်ကြောင်းလည်း နည်းပြစလော့က ပြောပါတယ်။
ဆာလာဟာ ပရီးမီးယားလိဂ်မှာ ၂၇ ဂိုးသွင်းထားပြီး ဒုတိယနေရာက မန်စီးတီးတိုက်စစ်မှူး ဟာလန်းထက် ၆ ဂိုးအသာနဲ့ ဦးဆောင်နေပါတယ်။