
ဆုဖလားတွေ ထပ်ယူချင်တာကြောင့် လီဗာပူးအသင်းနဲ့ စာချုပ်သက်တမ်းထပ်တိုး ခဲ့တာဖြစ်ကြောင်း တိုက်စစ်ကစားသမား မိုဆာလာက ပြောပါတယ်။
ဆာလာဟာ အခုနှစ်ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းကနေ ထွက်ခွာဖို့ အခွင့်အလမ်းများကြောင်း ဝန်ခံခဲ့ဖူးပေမဲ့ အဆုံးသတ်မှာတော့ စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။
စာချုပ်သစ်အရ တစ်ပတ်လုပ်ခပေါင် ၃၈၀,၀၀၀ တိုးမြှင့်ရရှိမှာဖြစ်ပြီး ၂၀၂၇ ခုနှစ်အထိ လီဗာပူးအသင်းမှာ ဆက်ရှိမှာပါ။
အသင်းနဲ့ စာချုပ်သက်တမ်း တိုးခဲ့တာက နောက်ထပ် ဆုဖလားတွေရယူချင်တာကြောင့် ဖြစ်ပြီး လက်ရှိအသင်းရဲ့ ခြေစွမ်းက အရင်ကထက် ပိုမိုကောင်းမွန်ကြောင်း ဆာလာက ပြောသွားပါတယ်။
အသင်းမှာ ဆက်ရှိခွင့်ရလို့ အလွန်ကျေနပ်ပျော်ရွှင်မိပြီး ပရိသတ်တွေအတွက် ဆုဖလားတွေ ထပ်မံ ရယူပေးသွားချင်ကြောင်း ဆာလာက ပြောသွားပါတယ်။