
မိမိအပေါ် ယုံကြည်မှုထားရှိကြဖို့ ချဲလ်ဆီးပရိသတ်တွေကို နည်းပြ မာရက်စ်ကာ တောင်းဆိုသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ ရာသီအစက အမှတ်ပေးဇယား ထိပ်ဆုံးနေရာအထိ တက်လှမ်းနိုင်ခဲ့ပေမဲ့ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေ မကောင်းခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေရတဲ့ အခြေအနေ ရောက်ရှိသွားတာပါ။
ချဲလ်ဆီးအသင်းဟာ သူ့လက်ထက်မှာ တိုးတက်မှုတွေ ရှိလာတာကို အားလုံးမြင်တွေ့ရမှာဖြစ်ပြီး လက်ရှိအခြေအနေကတော့ ဆုဖလားစိန်ခေါ်နိုင်တဲ့ အသင်းအဖြစ် တည်ဆောက်သွားရမှာဖြစ်လို့ မိမိအပေါ် ယုံကြည်မှုရှိစေလိုကြောင်း နည်းပြမာရက်စ်ကာက ပြောပါတယ်။
အစ်ဆွစ်နဲ့ ၂ ဂိုးစီ သရေကျတဲ့ပွဲစဉ်မှာ ပရိသတ်တွေရဲ့ အားပေးပုံကို နည်းပြ မာရက်စ်ကာက ဝေဖန်ခဲ့ပြီးနောက် အသင်းနဲ့ သူ့အပေါ် ယုံကြည်မှုထားကြဖို့ နည်းပြမာရက်စ်ကာက တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။