
ဂိုးသမားယော်ဂင်ဆင်က ချဲလ်ဆီးအသင်းရဲ့ နံပါတ်တစ်ဂိုးသမားဖြစ်ကြောင်း နည်းပြမာရက်စ်ကာ ကအတည်ပြုသွားပါတယ်။
ပွဲထွက်ဂိုးသမားဖြစ်ခဲ့သူ စပိန်ဂိုးသမား ဆန်းချက်ဇ်က အမှားအယွင်း များခဲ့တာကြောင့် ဝက်စ်ဟမ်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ အရန်ဂိုးသမား ယော်ဂင်ဆင်က ပွဲ ထွက်ကစားခွင့်စတင်ရရှိခဲ့တာပါ။
ဂိုးသမားဆန်းချက်ဇ်ကို ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာ အသုံးပြုခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ နံပါတ်တစ်ဂိုးသမားဖြစ်လာတဲ့ ယော်ဂင်ဆင်ကို အသုံးပြုသွားမှာဖြစ်ကြောင်း နည်းပြမာရက်စ်ကာအတည်ပြုခဲ့တာပါ။
ဂိုးသမားဆန်းချက်ဇ်အနေနဲ့ ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာတွေကို အနားပေးသွားဖို့လိုအပ်နေပြီး လက်ရှိအခြေအနေကို ဂိုးသမား ၂ ယောက် စလုံးကနားလည်လက်ခံထားပြီး ယော်ဂင်ဆင်က အသင်းရဲ့ ပွဲထွက်ကစားသမားဖြစ်ကြောင်း နည်းပြမာရက်စ်ကာက ပြောသွားပါတယ်။
Photo-Reuters