
တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာဟာ လက်စတာနဲ့ပွဲစဉ်ကို လေ့ကျင့်ခန်း ၂ ရက်ဆက်တိုက် မဆင်းနိုင်ဘဲ ပါဝင်ပွဲထွက်ကစားခဲ့တာဖြစ်ကြောင်း ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပြောပါတယ်။
ပါလ်မာဟာ ပွဲချိန် ၂၂ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကို လွဲချော်ခဲ့ပြီး ဒုတိယပိုင်းမှာ လူစားလဲခံရချိန်မှာ အဝတ်လဲခန်းဆီ တိုက်ရိုက်ထွက်သွားခဲ့တာပါ။
ပါလ်မာဟာ အဖျားဝေဒနာကြောင့် လေ့ကျင့်ခန်း မဆင်းနိုင်ခဲ့ကြောင်း၊ ပွဲနေ့ရောက်မှ အသင်းကို ကူညီချင်တဲ့စိတ်နဲ့ ပါဝင်ကစားဖို့ ခွင့်တောင်းခဲ့တာကြောင့် ကစားခွင့်ပြုခဲ့တာဖြစ်ကြောင်း နည်းပြမာရက်စ်ကာက ပြောပါတယ်။
ဒီလိုစိတ်ဓာတ်ဟာ အသင်းကို နေရာမှန်ပြန်လည်ရရှိစေချင်တဲ့ ကစားသမားတွေ ရှိနေတာကို ပြသရာရောက်ကြောင်း နည်းပြမာရက်စ်ကာက ပြောသွားပါတယ်။
ပါလ်မာဟာ ပရီးမီးယားလိဂ်မှာ ၁၄ ဂိုးသွင်းထားပေမဲ့ အခုနှစ် ဇန်နဝါရီ ၁၅ ရက်က ဘုန်းမောက်နဲ့ပွဲမှာ တဂိုးသွင်းပြီးနောက်ပိုင်း ဂိုးပေါက်ပျောက်နေတာ ၉ ပွဲဆက်ရှိနေပြီ ဖြစ်ပါတယ်။