
ဘရိုက်တန်ကို ၃ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ဟာ ချဲလ်ဆီးနည်းပြဘဝမှာ အဆိုးရွားဆုံးပွဲစဉ် ဖြစ်ကြောင်း နည်းပြ မာရက်စ်ကာက ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ ဖေဖော်ဝါရီ ၁၅ ရက် က အဝေးကွင်းမှာ ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။
ဖေဖော်ဝါရီ ၉ ရက်က ကစားခဲ့တဲ့ အက်ဖ်အေဖလားပွဲစဉ်မှာလည်း ဘရိုက်တန်အသင်းကိုပဲ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ၆ ရက် အကြာမှာ ထပ်မံရှုံးနိမ့်ခဲ့ရတာပါ။
အခုလို ရှုံးနိမ့်ခဲ့တဲ့အတွက် ပရိသတ်တွေကို တောင်းပန်ချင်ပြီး စွမ်းဆောင်ရည်ကျဆင်းနေချိန်မှာ အတူတကွ ကျော်ဖြတ်သွားဖို့ လိုအပ်ကြောင်း နည်းပြမာရက်စ်ကာက ပြောပါတယ်။
ဒါ့အပြင် ချဲလ်ဆီးမှာ စတင်ရောက်ရှိကတည်းက အဆိုးရွားဆုံးစွမ်းဆောင်ရည်ဖြစ်ပြီး အဆင့် ၄ မှာ ဆက်လက် ရပ်တည်နေဆဲဖြစ်လို့ ဥရောပဖလား ဝင်ခွင့်အတွက် ဆက်လက် တိုက်ပွဲဝင်ရမယ်လို့ နည်းပြမာရက်စ်ကာ က ပြောသွားပါတယ်။