Home
မြန်မာသတင်း
ရွာငံမြို့အနီး စစ်ကောင်စီတပ် ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦး ပစ်သတ်ခံရ
DVB
·
April 12, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့အနီးနားကို ဧပြီ ၁၁ ရက်မှာ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA) က စစ်ဆေးရေးလုပ်ချိန် ဗိုလ်ကြီးအဆင့်ရှိသူတယောက်ကို ပစ်သတ်ခဲ့တယ်လို့ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဧပြီ ၁၁ ရက် မနက်က ရွာငံ အောင်ပန်းလမ်းတနေရာမှာ DSNDA တပ်ဖွဲ့ဝင်တွေက စစ်ဆေးရေးလုပ်နေချိန် ကားကို မသင်္ကာတဲ့အတွက် ဆင်းခိုင်းချိန် ပြန်လည်ဆုတ်ခွာ ထွက်ပြေးတာ​ကြောင့် ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

DSNDA တပ်ရင်းတာဝန်ရှိသူက “ကားထဲမှာ သူတယောက်တည်းပါဗျ။ ဆိုးဝါးမှုကတော့ ဒီချိန်ထိ အလင်းမဝင်ဘဲ ဗိုလ်ကြီးအဆင့်နဲ့ ဦးဆောင်နေတာဆိုတော့ အများကြီး ပြောစရာ လိုမယ်မထင်ပါဘူးဗျာ”လို့ ပြောပါတယ်။

ပစ်ခတ်ဖမ်းဆီးမှုအတွင်း တပ်မ ၅၅ က ဗိုလ်ကြီး မျိုးဇော်သန်း သေဆုံးသွားပြီး ပစ္စတိုသေနတ် တလက်၊ လက်ပစ်ဗုံးတလုံး၊ ဖုန်းနဲ့ ငွေသားတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ 

ဗိုလ်ကြီး ဆိုသူဟာ ရွာငံမြောက်ဘက်က မြို့ထွက်ဂိတ်နားမှာ အာဏာအရှိဆုံးသူဖြစ်သလို ရွာငံမြို့အနီးတဝိုက်မှာလည်း စစ်ကောင်စီတပ်က အင်အားတိုးပြီး ရွာထဲတွေမှာ တပ်စွဲနေထိုင်နေကြတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013