
မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ် ပြီးပြီးချင်းမှာပဲ မလေးရှားနဲ့ ဟောင်ကောင်ကို သွားရောက်ခြေစမ်းမယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်အဖြစ် မေ ၂၅ ရက်မှာ ဗီလာအသင်းနဲ့ ကစားရမှာပါ။
အဲဒီပွဲစဉ်အပြီး ၃ ရက်အတွင်း မေ ၂၈ ရက်မှာ အာရှခြေစမ်းခရီးစဉ်အဖြစ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ အာဆီယံအောစတားအသင်းနဲ့ ခြေစမ်းကစားမှာ ဖြစ်ပါတယ်။
အဲဒီနောက် မေ ၃၀ ရက်မှာ ဟောင်ကောင်ကို ဆက်လက်သွားရောက်ပြီး ဟောင်ကောင်လက်ရွေးစင်အသင်းနဲ့ ခြေစမ်းကစားသွားမှာပါ။
မန်ယူအသင်းဟာ အာရှတိုက် ခရီးစဉ် ၂ ပွဲအတွက် ပေါင် ၈ သန်းလောက် ရရှိမှာဖြစ်ပြီး လိဂ်ပွဲစဉ်တွေပြီးပြီးချင်းမှာပဲ သွားရောက်ကစားမယ့်အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
Photo: Reuters