
ဆောက်သမ်တန်အသင်းဟာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရပြီးနောက် နည်းပြ အိုင်ဗန်ဂျူရစ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။
ခရိုအေးရှားနည်းပြဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကမှ ရိုးမားကနေ ပြောင်းရွှေ့လာသူဖြစ်ပြီး အသင်းကို တန်းတင် ကျန်ရစ်အောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့တာပါ။
အိုင်ဗန်ဟာ အသင်းရဲ့ အခက်ခဲဆုံးအချိန်မှာ ရောက်ရှိလာသူဖြစ်ပြီး တိုးတက်အောင် အစွမ်းကုန် ကြိုးပမ်းခဲ့ကြောင်း၊ ဒါပေမဲ့ အသင်းရဲ့ တိုးတက်လာမှုက မိမိတို့ မျှော်လင့်သလောက် မဟုတ်ခဲ့တာကြောင့် နည်းပြ အိုင်ဗန်ဂျူရစ်နဲ့ လမ်းခွဲခဲ့တာဖြစ်ကြောင်း ဆောက်သမ်တန်အသင်းက သတင်းထုတ်ပြန်ပါတယ်။
၁၈ လစာချုပ်နဲ့ ရောက်ရှိလာသူ ဂျူရစ်ဟာ ဆောက်သမ်တန်နဲ့ ၁၆ ပွဲသာ ကိုင်တွယ်ခဲ့ရပြီး ၂ ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။