
ပြိုင်ဆိုင်မှုကင်းမဲ့ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်အပေါ် စိတ်ပျက်မိကြောင်း နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြောသွားပါတယ်။
ဂိုးမရှိသရေရလဒ်နဲ့ ပွဲပြီးဆုံးသွားတဲ့ မန်ယူနဲ့ မန်စီးတီးတို့ရဲ့ မန်ချက်စတာဒါဘီဟာ ပျင်းစရာကောင်းခဲ့ပြီး နှစ်သင်းစလုံးရဲ့ စွမ်းဆောင်ရည်ဟာ လုံလောက်မှု မရှိခဲ့ကြောင်း နဗီးလ်က ပြောပါတယ်။
မန်ချက်စတာဒါဘီဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ တိုက်ရည်ခိုက်ရည်စိတ်နဲ့ အနိုင်ရဖို့အတွက် ကြိုးပမ်းကစားတာမျိုး မတွေ့ခဲ့ရဘဲ အခုထက်ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သင့်ကြောင်း နဗီးလ်က ပြောပါတယ်။
နှစ်သင်းစလုံး ဂိုးရနိုင်မယ့် အခွင့်အရေး နည်းပါးခဲ့ကြပြီး မန်ယူအသင်းက ဂိုးပေါက်တည့်တဲ့ ကန်ချက် ၂ ကြိမ်၊ မန်စီးတီးက ဂိုးပေါက်တည့်ကန်ချက် ၅ ကြိမ်သာ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။