
ပရီးမီးယားလိဂ်သမိုင်းတလျှောက်မှာ မန်စီးတီးကွင်းလယ်လူ ကီဗင်ဒီဘရိုင်းထက် ပိုကောင်းတဲ့ ကစားသမား တယောက်ပဲရှိတယ်လို့ အင်္ဂလန်နောက်ခံလူဟောင်း ကာရေဂါက သုံးသပ်သွားပါတယ်။
ဒီဘရိုင်းဟာ အခုနှစ်ရာသီအကုန်မှာ မန်စီးတီးကနေ ထွက်ခွါမှာဖြစ်ပြီး ကာရေဂါက ချီးကျူး ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ ၄-၅ နှစ်အတွင်းမှာ ဒီဘရိုင်းက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်ပြီး သူ့ထက်ပိုကောင်းတဲ့ နိုင်ငံခြားသားကစားသမား တယောက်သာရှိကြောင်း ကာရေဂါက ပြောပါတယ်။
သီယာရီအွန်နရီ ပြီးရင် ဒီဘရိုင်းက ပရီးမီးယားလိဂ်မှာ မြင်တွေ့ဖူးသမျှ နိုင်ငံခြားသား ကစားသမားတွေထဲမှာ အကောင်းဆုံးဖြစ်ကြောင်း၊ ပရီးမီးယားလိဂ်သမိုင်းတလျှောက် အကောင်းဆုံးအသင်းစာရင်းမှာ ဒီဘရိုင်းကို ထည့်သွင်းရွေးချယ်မှာဖြစ်ကြောင်း ကာရေဂါက ချီးကျူးသွားပါတယ်။