
ကစားသမားတယောက် ဒါမှမဟုတ် နည်းပြတယောက်အနေနဲ့ ဆုဖလားရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ရင် ၁၀ စုနှစ်ကြာတဲ့အထိ နာကျင်ခံစားရလိမ့်မယ်လို့ လီဗာပူးနည်းပြ အာနဲစလော့က ပြောပါတယ်။
လီဗာပူးအသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံ ဆုဖလားမျှော်လင့်ချက်သာ ကျန်ရှိတော့ပြီး တခြားပြိုင်ပွဲ ၃ ခုကနေ ထွက်ခွာခဲ့ရတာပါ။
အကောင်းဆုံးခြေစွမ်းရရှိနေပေမဲ့ ဆုဖလားရယူနိုင်ခြင်း မရှိရင်တော့ နာကျင်စရာဖြစ်ကြောင်း၊ ဆုဖလားတွေ ရယူနိုင်တဲ့နည်းပြ ဖြစ်ချင်သလို ပရိသတ်တွေရဲ့ ရင်ထဲမှာ အမြဲတမ်း အမှတ်ရနေမယ့် နည်းပြတယောက်လည်း ဖြစ်ချင်ကြောင်း နည်းပြအာနဲစလော့က ပြောပါတယ်။
လီဗာပူးအသင်းဟာ လက်ကျန် ၉ ပွဲ အလိုမှာ ဒုတိယနေရာက အာဆင်နယ်ကို ၁၂ မှတ်ဖြတ်ထားလို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ နီးစပ်နေပါတယ်။