Home
မြန်မာသတင်း
ပုသိမ်တွင် ငလျင်ဘေးအတွက် အလှူခံသည့်ပရဟိတ လူငယ်များ အဖမ်းခံရ
DVB
·
April 8, 2025
photo: NN

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့အမှတ် ၄ ရပ်ကွက် က စိန်ပြည့်လျှံတည်းခိုခန်းရှေ့မှာ ငလျင်ဘေးအတွက် အလှူခံတဲ့ ပရဟိတ လူငယ်တွေ အဖမ်းခံထားရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဧပြီ ၇ ရက်က စိန်ပြည့်လျှံတည်းခိုခန်းရှေ့မှာ ငလျင်ဘေးအတွက် အလှူခံနေတဲ့ ပရဟိတလူငယ်အဖွဲ့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ပုသိမ် ဒေသခံတယောက်က “ငလျင်ဘေးအတွက် တည်းခိုခန်းအရှေ့မှာ အလှူခံနေတုန်း အဖမ်းခံရတာမှန်တယ်။ ရာအိမ်မှူးက လာခေါ်သွားပြီးနောက် စကစတပ်က ဖမ်းလိုက်တာ။ သူတို့တည်းခိုခန်းရှေ့ အလှူခံတာကြောင့်ဆိုပြီး တိုင်လို့ ဖမ်းတာ” လို့ ပြောပါတယ်။

ငလျင်ဘေးအတွက် အလှူခံနေတဲ့ အရပ်သား ပရဟိတ လူငယ် ၈ ယောက် အဖမ်းခံထားရပြီး ဘယ်ကိုဖမ်းခေါ်သွားတယ်ဆိုတာ မသိရသေးသလို ဧပြီ ၈ ရက်မနက်အထိ ပြန်မလွတ်သေးဘူးလို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013