Home
နိုင်ငံတကာ
ဘန်ကောက်မြို့အနီး စမွတ်ပရာကန်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပြီး ၁ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ
DVB
·
April 4, 2025
Photo : Reuters

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး  စမွတ်ပရာကန်ခရိုင်မှာ ဧပြီ ၄ ရက်က သေနတ်ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပြီး လူတယောက် သေဆုံးကာ နောက်ထပ် ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

နေ့လယ် ၁၂ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က ဘန်ယောရပ်ကွက်ရဲ့ တွန်ဆိုင် အဟောင်းပစ္စည်းရောင်းတဲ့ စျေးတခုအနီးမှာ အခင်းဖြစ်ပွားခဲ့တာပါ။

အဲဒီနောက် ပစ်ခတ်မှုဖြစ်ပွားရာမှာ ရဲနဲ့အတူ ကယ်ဆယ်ရေးအဖွဲ့တွေပါ ရောက်လာခဲ့ပြီး အမျိုးသားတယောက်ဟာ သေနတ်ဒဏ်ရာတွေနဲ့ လဲကျ သေဆုံးနေပါတယ်။

အဲဒီဖြစ်ရပ်အတွင်း ဒဏ်ရာရထားသူ ၂ ယောက်ကိုလည်း နီးစပ်ရာဆေးရုံတခုဆီ အမြန်ဆုံး ပို့ဆောင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဒါဟာ ပထမဆုံးစျေးစဖွင့်တဲ့နေ့ ဖြစ်သလို သေနတ်သံ ၁၀ ချက်လောက် ကြားလိုက်ရတယ်လို့လည်း မျက်မြင်သက်သေတွေက ပြန်ပြောပြပါတယ်။

ဒါကြောင့် ဘာ့ဒ်လို့ခေါ်တဲ့ အသက် ၃၀ အရွယ် သံသယရှိသူတယောက်ကို လိုက်လံရှာဖွေနေပြီး ရဲတပ်ဖွဲ့ကလည်း ကျည်ဆန်ခွံ ၈ ခု တွေ့တယ်ဆိုပြီး အတည်ပြုပါတယ်။​

လတ်တလော ထိုင်းတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အပြင် နောက်ထပ် အသေးစိတ်အချက်အလက်တွေကိုပါ ထုတ်ပြန်ဖို့ရှိနေပါတယ်။

အဲဒီပစ်ခတ်မှုဟာ စျေးတွင်းလုံခြုံရေးအဖွဲ့နဲ့ သူတို့ပြိုင်ဘက်တွေကြား ပဋိပက္ခ ဖြစ်ပွားရာကနေ အစပြုခဲ့တာဖြစ်ကြောင်း သတင်းဖော်ပြထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013