Home
မြန်မာသတင်း
စစ်ခေါင်းဆောင် ဘန်ကောက်ခရီးစဉ် ထိုင်း-မြန်မာအရပ်ဘက်အဖွဲ့များ ပူးပေါင်းကန့်ကွက်
DVB
·
April 3, 2025
min aung hlaing1

ဘန်ကောက်မှာ ကျင်းပမယ့် တောင်အာရှခေါင်းဆောင် အများစုပါဝင်မယ့် BIMSTEC  ဒေသတွင်း ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဘန်ကောက်ကို ရောက်ချိန်မှာပဲ  ထိုင်း-မြန်မာ နှစ်နိုင်ငံအရပ်ဘက်အဖွဲ့အစည်းတွေက စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်ကိုကန့်ကွက်ရူတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတခုကို ပြုလုပ်နေပါတယ်။ 

စစ်ခေါင်းဆောင်ဟာ ဒီကနေ့ ဧပြီ ၃ ရက်နေ့ ညနေပိုင်းမှာပဲ ဘန်ကောက်ကိုရောက်ရှိခဲ့တာဖြစ်ပြီး ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံက အရပ်ဘက်အဖွဲ့အစည်းတွေက ဒီကနေ့ ညပိုင်းဘန်ကောက်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို BIMSTEC အစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားတာကို  ရှုတ်ချကြောင်း သတင်းစာရှင်းလင်းပွဲတရပ်ကို ပြုလုပ်နေပါတယ်။ 

ဒီခရီးစဉ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အရှေ့တောင်အာရှနိုင်ငံကို ပြည်တွင်းစစ် ဖြစ်စေခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရှားရှားပါးပါးခရီးစဉ် ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဧပြီ ၃ ရက်နဲ့ ၄ ရက်နေ့မှာ ကျင်းပမယ့် BIMSTEC ထိပ်သီး အစည်းအဝေးကို တက်ရောက်ခွင့်ပြုလိုက်တဲ့ ထိုင်းနဲ့ BIMSTEC အဖွဲ့တို့ရဲ့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့အစည်းအသီးသီးကလည်း အပြင်းအထန်ကန့်ကွက်နေပါတယ်။

ဓာတ်ပုံ - ရိုက်တာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013