Home
အားကစား
နော်တင်ဟမ်ကို ရှုံးပြီးနောက် တိုက်စစ်အားနည်းနေသည့်အပေါ်  မန်ယူနည်းပြ မကျေနပ်
DVB
·
April 2, 2025
photo:Reuters

မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်း အရည်အသွေးအားနည်းနေတဲ့အပေါ် နည်းပြအာမိုရင်က မကျေမနပ်ဖြစ်နေပါတယ်။

မနေ့ညက နော်တင်ဟမ်ကို ၁ ဂိုး ဂိုးမရှိနဲ့ အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့  မန်ယူအသင်းဟာ ဂိုးပေါက်ကန်ချက် ၂၅ ကြိမ်အထိ စံချိန်တင်ရရှိခဲ့ပေမဲ့ တဂိုးမှ မသွင်းနိုင်ဘဲ ရူံးနိမ့်ခဲ့ရတာပါ။

ပြိုင်ဘက်အသင်းကို  တိုက်စစ်တင် ကစားနိုင်ခဲ့တဲ့ပွဲစဉ်တွေ အများကြီးရှိပေမဲ့ အရည်အသွေးပိုင်း အားနည်းမှုတွေက အခုနှစ်ရာသီ တလျှောက်လုံးမှာ ကြုံတွေ့ခဲ့ရကြောင်း၊ အဲဒီလိုအားနည်းမှုတွေ ရှိနေမယ်ဆိုရင် သွင်းဂိုးရယူနိုင်မှာမဟုတ်ဘူးလို့ နည်းပြအာမိုရင်က ပြောပါတယ်။

ဒါ့အပြင် တောင်ပံကစားသမား အီလန်ဂါကို နော်တင်ဟမ်အသင်းဆီ ရောင်းထုတ်ခဲ့မှုဟာ မှားယွင်းတယ်လို့ မဆိုနိုင်ကြောင်းလည်း မန်ယူနည်းပြ ရူဘင်အာမိုရင်က ပြောသွားပါတယ်။

ဆွီဒင်ကစားသမားအီလန်ဂါဟာ အသင်းဟောင်းမန်ယူကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ နော်တင်ဟမ်အတွက် တလုံးတည်းသော အနိုင်ဂိုးသွင်းယူပေးခဲ့သူပါ။

အီလန်ဂါကို ရောင်းထုတ်ခဲ့တာက မှားယွင်းတယ်လို့ ဆိုနိုင်မလားဆိုတဲ့ သတင်းထောက်ရဲ့ မေးခွန်းကို နည်းပြအာမိုရင်က ငြင်ဆန်ခဲ့ပြီး မန်ယူအသင်းမှာရှိတဲ့ ဖိအားနဲ့ တခြားအသင်းမှာရှိတဲ့ ဖိအားချင်းမတူညီကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။

မန်ယူအသင်းမှာ ဖိအားအလွန်များပြားပြီး ဖွံဖြိုးတိုးတက်မှုရှိလာဖို့ အချိန်ရရှိသင့်ပေမဲ့ ကစားသမားအများစုအတွက် အချိန်မရကြောင်း၊ လူငယ်ကစားသမားတွေကို အချိန်ပေးပြီး အားပေးကူညီသင့်ကြောင်း နည်းပြ အာမိုရင်က ပြောသွားပါတယ်။

အီလန်ဂါဟာ ၂၀၂၃ ခုနှစ်က ပေါင် ၁၅ သန်းနဲ့ နော်တင်ဟမ်ဆီ ပြောင်းရွှေ့ခဲ့ပြီး ၂ ရာသီအတွင်းမှာ သွင်းဂိုးနဲ့ ဖန်တီးမှု စုစုပေါင်း ၂၈ကြိမ်ပြုလုပ်ထားပါတယ်။ 

မန်ယူအသင်းဟာ ပွဲစဉ် ၃၀ အပြီးမှာ ၁၃ ပွဲအထိ ရူံးပွဲတွေ့ခဲ့ရပြီး  အမှတ်ပေးဇယားအဆင့် ၁၃ ကနေ တက်ရောက်နိုင်ဖို့ ပိုမိုခက်ခဲသွားခဲ့ရပါတယ်။

Photo:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013