
စပိန်ကလပ် ဘက်တစ်မှာ အန်တိုနီ ခြေစွမ်းပြနေတဲ့အကြောင်းရင်းကို နည်းပြအာမိုရင်က ရှင်းလင်း ပြောသွားပါတယ်။
ဘရာဇီးတောင်ပံကစားသမားဟာ မန်ယူအသင်းမှာ ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့ပေမဲ့ ဘက်တစ်မှာ အငှားထွက် ကစားခဲ့ရာမှာတော့ ၇ ပွဲကစားအပြီးမှာ ၃ ဂိုးသွင်း ၂ ဂိုး ဖန်တီးနိုင်ခဲ့တာပါ။
အင်္ဂလန်ပရီးမီးယားလိဂ်မှာ စွမ်းဆောင်ရည် မကောင်းခဲ့ပေမဲ့ စပိန်လာလီဂါမှာ ခြေစွမ်း ပြသနေတာက ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ကွာဟချက်ကြောင့်ဖြစ်ပြီး အင်္ဂလန်မှာ ကြံ့ခိုင်မှု မကောင်းရင် ရုန်းကန်ရမှာဖြစ်ကြောင်း နည်းပြအာမိုရင်က ပြောပါတယ်။
အန်တိုနီ ခြေစွမ်းပြသနေတာက တခြားအချက်တွေလည်း ရှိနိုင်ပေမဲ့ ကြံ့ခိုင်မှု ကွာဟချက်က အချက်တချက်ဆိုတာ အာမခံနိုင်ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။
အန်တိုနီဟာ မန်ယူအသင်းနဲ့ ၁၄ ပွဲ ကစားခဲ့ရာမှာ ၁ ဂိုးသာ ရခဲ့တာ ဖြစ်ပါတယ်။