
ကွင်းလယ်လူ မေဆန်မောင့်အပေါ် အများကြီးမျှော်လင့်ထားကြောင်း မန်ယူနည်းပြ ရူဘင် အာမိုရင်က ပြောသွားပါတယ်။
အင်္ဂလန်ကွင်းလယ်ကစားသမားဟာ ၂၀၂၃ ခုနှစ်က ချဲလ်ဆီးကနေ ပြောင်းရွှေ့လာပြီးနောက် ပရီးမီးယားလိဂ်သွင်းဂိုး ၁ ဂိုးသာရှိခဲ့ပြီး ဒဏ်ရာပြဿနာတွေကြောင့် ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့တာပါ။
လက်ရှိအချိန်မှာ မန်ယူအသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေတဲ့ မေဆန်မောင့်ဟာ အသင်းအတွက် ပွဲကစားဖို့ အသင့်ရှိနေပြီး သူ့အပေါ် အများကြီးမျှော်လင့်ထားတဲ့အကြောင်း နည်းပြ အာမိုရင်က ပြောခဲ့တာပါ။
အသက် ၂၆ နှစ်ရှိ မေဆန်မောင့်ဟာ ဥရောပချန်ပီယံအသင်းသားတယောက် ဖြစ်ခဲ့ပြီး သူ့လို ကစားသမား အများကြီးလိုအပ်ကြောင်း၊ ပင်ကိုယ်အရည်အချင်း ထူးချွန်သလို လေ့ကျင့်ရေးကွင်းမှာလည်း အများကြီးကြိုးစားနေတဲ့သူဖြစ်လို့ အကောင်းဆုံးခြေစွမ်း ပြန်လည်ရရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း နည်းပြ အာမိုရင်က ပြောပါတယ်။