
မန်ချက်စတာယူနိုက်တက်အသင်းမှာ ဘရူနိုဖာနန်ဒက်စ်လို ကစားသမားတွေ လိုအပ်ကြောင်း နည်းပြ ရူဘင်အာမိုရင်က ပြောသွားပါတယ်။
ဖာနန်ဒက်စ်ဟာ အာဆင်နယ်နဲ့ တဂိုးစီသရေကျတဲ့ပွဲစဉ်မှာ ဖရီးကစ်ကနေ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီး နည်းပြအာမိုရင်က အတုယူစရာ စံပြကစားသမားတယောက်အဖြစ် ချီးကျူး ပြောသွားခဲ့တာပါ။
ဖာနန်ဒက်စ်ရဲ့ အရည်အချင်းနဲ့ စရိုက်လက္ခဏာတွေတင် မဟုတ်ဘဲ ဘောလုံးနဲ့ရော ဘောလုံးမပါတဲ့ အချိန်မှာပါ ဆုံးဖြတ်ချက်ပြတ်သားတဲ့ စိတ်ဓာတ်ဟာလည်း အတုယူစရာ ကောင်းကြောင်း အာမိုရင်က ပြောပါတယ်။
ဖာနန်ဒက်စ်ဟာလည်း အမှားတချို့လုပ်မိတာရှိပေမဲ့ နေရာစုံ ကစားနိုင်သလို အသင်းအတွက် သွင်းဂိုးနဲ့ ဂိုးဖန်တီးပေးနိုင်မှုတွေအတွက် အသင့်ရှိနေတတ်သူဖြစ်ကြောင်း နည်းပြအာမိုရင်က ချီးကျူးပါတယ်။
ပေါ်တူဂီကွင်းလယ်လူဟာ ၂၀၂၀ ပြည့်နှစ်က စတင်ပြီး အသင်းနဲ့ စုစုပေါင်း ၁၈၆ ပွဲမှာ ၆၁ ဂိုးသွင်းပြီး ၄၈ ကြိမ် ဂိုးဖန်တီးနိုင်ထားပါတယ်။