Home
မြန်မာသတင်း
ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို အခမဲ့ဖုန်းခေါ်ဆိုခွင့်ပြု
DVB
·
March 30, 2025

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို မတ် ၃၁ ရက်အထိ ဆက်သွယ်ရေး အော်ပရေတာတိုင်းကနေ အခမဲ့ဖုန်းခေါ်ဆိုနိုင်ပြီလို့ ထိုင်းနိုင်ငံပိုင် တယ်လီကွန်းကုမ္ပဏီကနေ မတ် ၂၉ ရက်မှာ ထုတ်ပြန်ချက် အရ သိရပါတယ်။

ဖုန်းခေါ်ဆိုမှုမှာ အရင်ဆုံး 001 800 001ကို ခေါ်ဆိုရမှာဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားနဲ့ (Free Call) အခမဲ့ ခေါ်ဆိုနိုင်တယ်ဆိုတဲ့ ဖြေကြားသံကြားပြီးတာနဲ့ 009 95 နောက်ကနေ ခေါ်ဆိုလိုတဲ့ ဖုန်းနံပါတ် ထည့်သွင်းပြီး ခေါ်ဆိုနိုင်ပါတယ်။

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများရှိနေတဲ့ မြန်မာနိုင်ငံကို ဖုန်း‌ခေါ်ဆိုနိုင်ဖို့ အကူအညီပေးတဲ့ အနေနဲ့ အခုလို အခမဲ့ဖုန်းခေါ်ဆိုခွင့်ကို ထိုင်းအစိုးရက ခွင့်ပြုပေးလိုက်တာပါ။

လက်ရှိမှာ မြန်မာနိုင်ငံအနှံ့ နေရာတော်တော်များများမှာ ငလျင်ဒဏ်ကြောင့် လျှပ်စစ်မီး ပြတ်တောက်နေပြီး  ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဆက်သွယ်ရေးအခက်အခဲ ရှိနေကြပါတယ်။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013