Home
မြန်မာသတင်း
မြန်မာငလျင်ဘေးအတွက် ဥရောပသမဂ္ဂက ယူရို ၂ ဒသမ ၅ သန်း ကူညီမည်
DVB
·
March 30, 2025

မြန်မာငလျင်ဘေးအတွက် ဥရောပသမဂ္ဂက ကနဦးအရေးပေါ်အကူအညီအဖြစ် ယူရို ၂ ဒသမ ၅ သန်း ကူညီပံ့ပိုးဖို့ ဆုံးဖြတ်ကြောင်း ထုတ်ပြန်ပါတယ်။

အခုထောက်ပံ့လိုက်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခွဲဝေချထားပေးတာဟာ မြန်မာနိုင်ငံက အထိခိုက်လွယ်ဆုံးသူတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့နဲ့ အသက်တွေကို ကယ်တင်ဖို့အတွက် အထောက်အကူဖြစ်စေမယ်လို့ဆိုပြီး  ဒါနဲ့ဆိုရင် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံအတွက် ထာက်ပံ့ထားတဲ့ ဥရောပသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ စုစုပေါင်း ယူရို ၃၅ သန်းရှိပြီလို့ ဆိုပါတယ်။

ဥရောပသမဂ္ဂအနေနဲ့ နောက်ထပ်အကူအညီတွေ ပေးအပ်ပံ့ပိုးနိုင်ဖို့အတွက် မြေပြင်အခြေအနေနဲ့ လိုအပ်ချက်တွေကိုလည်း အကဲဖြတ်နေတယ်လို့ ဆိုပါတယ်။

ငလျင်လှုပ်ခတ်ပြီးချိန်ကစလို့ အခြေအနေကို စောင့်ကြည့်နေပြီး သက်ရောက်မှု အခြေအနေတွေကို လွယ်လွယ်ကူက အကဲဖြတ်ဆောင်ရွက်နိုင်ဖို့ ကမ္ဘာ့မြေမျက်နှာပြင် စောင့်ကြည့်ရေးစနစ်ကိုလည်း အသက်သွင်းတပ်ဆင်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၈ ရက်က မန္တလေးနဲ့ စစ်ကိုင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၁,၆၄၄ ယောက်နဲ့ ဒဏ်ရာရသူ ၃,၄၀၈ ယောက်အထိ ရှိလာပြီး ၁၃၉ ယောက် ပျောက်ဆုံးနေဆဲလို့ စစ်ကောင်စီက မတ် ၂၉ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013